Visa, Master ကတ်တွေ မသုံးရတော့ဘူးလား
Visa, Master ကတ်တွေ မသုံးရတော့ဘူးလား =============================== တစ်နေ့က ထုတ်ပြန်လိုက်တဲ့ ဗဟိုဘဏ်ရဲ့ စာကြောင့် Credit Card လို့ အလွယ်ခေါ်တဲ့ Visa, MasterCard, UnionPay နဲ့ JCB ငွေပေးချေကတ်တွေ မြန်မာပြည်တွင်းမှာ သုံးလို့ မရတော့ ဘူးလားလို့ အများပြည်သူကြားမှာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အရင်ဆုံး ငွေပေးချေကတ်တွေရဲ့ အမျိုးအစားတွေ အကြောင်းကို အရင်ပြောချင်ပါတယ်။ Credit Card လို့ လူသိများပေမယ့် တကယ်တော့ သုံးမျိုးရှိနေပါတယ်။ အဲဒါတွေကတော့ 1. Prepaid Card 2. Debit Card 3. Credit Card တို့ပဲ ဖြစ်ပါတယ်။ Prepaid ကတ်ဆိုတာကတော့ သုံးစွဲလိုတဲ့ ပမာဏအတိုင်းကို ကတ်ထဲကို ကြိုတင်ဖြည့်သွင်းပြီးမှ သုံးစွဲလို့ ရတာဖြစ်ပါတယ်။ အဲဒီ ကြိုတင်ငွေရှိသလောက်ကို ကတ်ကိုထုတ်ခွင့်ပေးတဲ့ Visa, MasterCard, UnionPay နဲ့ JCB နဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် အဲဒီကတ်တွေကို လက်ခံတဲ့နေရာတွေမှာ သုံးစွဲလို့ ရမှာဖြစ်ပါတယ်။ ---- Debit ကတ်ဆိုတာကတော့ အလွယ်ပြောရရင် ဘဏ် ATM ကတ်ဖြစ်ပါတယ်။ ဘဏ်စာရင်းထဲမှာ ရှိသလောက်ကို ကတ်အဖြစ် Visa, MasterCard, UnionPay နဲ့ JCB နဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် အဲဒီ...