တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း နှင့် ခဲအိုတော်စပ်ပြီး NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဦးအောင်စိုး ပါတီမှ နုတ်ထွက်စာတင်

❎❎❎❎❎❎❎❎❎❎❎❎❎❎❎❎
ရန်ကုန်၊ဇူလိုင်-၂၅
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါတ်တာလဲ့လဲ့မော် နှင့် ခဲအိုတော်စပ်သူ NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်သော ဦးအောင်စိုးသည် ပါတီမှ နုတ်ထွက်စာတင်ထားကြောင်း ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက အတည်ပြု့ ပြောဆိုသည်။
ဦးအောင်စိုးသည် လက်ရှိအချိန်၌ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး အလားတူ ငြိမ်းရေးရေးကော်မရှင်၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။
"နုတ်ထွက်စာတင်ထားပါတယ်"ဟု ဒေါတ်တာမျိုးညွှန့်(NLD ပါတီပြောရေးဆိုခွင့်ရှိသူ) က ပြောသည်။
လက်ရှိအချိန်၌ ဝန်ကြီးချုပ်ဟောင်း ဒေါတ်တာလဲ့လဲ့မော်သည် အဂတိ လိုက်စားမှုဖြင့် တရားရင်ဆိုင်လျှက်ရှိသည်။ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီ ခရီးစဉ်၌ ဒေါ်လဲ့လဲ့မော်နှင့်ဦးအောင်စိုးကို ပါတီမှ ထုတ်ပယ်ရန် ဒေသခံများက တောင်းဆိုမှု ပြု့လုပ်ခဲ့ကြသည်။
Photo-Credit
#လူထုမီဒီယာ

Comments
Post a Comment