မြို့သစ်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ကျောင်းသား ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိမှု

မြို့သစ်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ကျောင်းသား ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိမှု
🚚🚚🚚🚚🚚🚚🚚🚚⚫⚫⚫⚫⚫⚫⚫⚫
#23.7.2019

 ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ ၁၆၀၀ အချိန်
 #မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လေးတိုင်စင် ကျေးရွာအနီး နေပြည်တော်-ကံပြားကားလမ်းမိုင်တိုင်(၆၄/၇)နှင့်(၆၅/၀)ကြား၌ ဇေယျာထွန်း(၁၆)နှစ် မောင်းနှင်ပြီး ဖြိုးကျော်သူ(၁၆)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်သည် ရှေ့မှယာဉ်အားကျော်တက်စဉ် တစ်ဖက် ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ဇင်ကိုကိုကျော်(၃၁)နှစ်မောင်းနှင်လာသည့် YGN 7E/xxxx Canter ၆ ဘီးယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပါသည်။
 အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဇေယျာထွန်းတွင် ဦးခေါင်း/ ပါးစပ်ပေါက်ပြဲသွေးထွက်ဒဏ်ရာ များဖြင့် သေဆုံးခဲ့ပြီး ဖြိုးကျော်သူတွင် ယာနားထင်/နှုတ်ခမ်း/ လက်/ခြေ ဖူးရောင်ကျိုးပဲ့ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၈၀၀ အချိန်တွင် မကွေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ၂၃၃၀ အချိန်တွင် ဇေယျာထွန်း (သေဆုံး)အား မြို့သစ်မြို့မရဲစခန်းယာဉ်(ပ)၃၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Comments