ထိုင်းနိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးအား အမျိုးသား လေးဦးက ၀ိုင်းမုဒိမ်းကျင့်မှု တရာခံများအား ၂၄ နာရီအတွင်းဖမ်းဆီး နိုင်ခဲ့

ထိုင်းနိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးအား အမျိုးသား
လေးဦးက ၀ိုင်းမုဒိမ်းကျင့်မှု တရာခံများအား ၂၄ နာရီအတွင်းဖမ်းဆီး
နိုင်ခဲ့


❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌
#July 23,2019

#ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် ချလန်ခေါ် ( ငမန်းဖြူ )ရပ်ကွက်မှာ နေထိုင်နေသူ အသက် ၁၃ နှစ် အထက်တန်းကျောင်းသူ ကို သူမရဲ့  ရီးစား အသက်(၁၄) နှစ် က သူငယ်ချင်းအခန်းတခုကိုခေါ်သွားပြီး အပေါင်းပါ သုံးနဲ့ အတူ တညလုံး မုဒိမ်း
ဝိုင်းကျင့် ခဲ့ကြတာဖြစ်ပါတယ်။

မိန်းကလေးကို လက်ထိပ်ခတ်ပြီး မုဒိမ်းဝိုင်းကျင့်ကြရာမှာ မှတ်တမ်း ကလစ် ရုပ်သံကိုပါ ရိုက်ကူးထားကြောင်းသိရပါတယ်။ မုဒိမ်းကျင့်တဲ့တရားခံလေးဦးမှာ ထိုင်းနိုင်ငံသား သုံးဦးနဲ့  ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးဖြစ်တယ်လို့  ချွန်ဘူရီ ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

တရားခံလေးဦးထဲမှာ အသက်သုံးဆယ်အရွယ် လူမှုကယ်တင်ရေးလုပ်သား တစ်ဦးပါ ပါဝင်နေတာတွေ့ ရပါတယ်။
ဇူလိုင်လ (၂) ရက် နေ့ ကဖြစ်ပွားခဲ့တဲ့ အမှုဖြစ်ပြီး မုဒိမ်းကျင့်ခံရသူ မိန်းခလေးကို ကာမဆက်ဆံနေတဲ့ ရုပ်သံရိုက်ထားတဲ့ တရားခံတဦးက
ဘတ်ငွေ (၃၀၀၀)မပေးရင် မုဒိမ်းကလစ်ရုပ်သံကို လူမှုကွန်ယက်ပေါ်ဖြန့် ချလိုက်မယ်လို့  အကြပ်ကိုင် ငွေတောင်းလာခဲ့ရာက မိန်းကလေးရဲ့  သူငယ်ချင်းတွေက အမျိုးသမီးအဖွဲ့ ကို တိုင်ကြားခဲ့လို့  အမှုမှန်ပေါ်ပေါက်ခဲ့တာပါ။
တရားခံလေးဦးကို (၂၄) နာရီအတွင်း ချွန်ဘူရီရဲတပ်ဖွဲ့ က ရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ် ၊ ရက်ကြာနေလို့  DNA ဆေးစစ်ချက် စစ်ယူဘို့  မလွယ်တော့ပေမယ့် အခင်းဖြစ်ပွားချိန် တရားခံတွေရိုက်ထားတဲ့ ရုပ်သံဟာ အဓိက သက်
သေဖြစ်သွားခဲ့ပါတယ်။

#SAW

Comments