မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး “ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး “ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ ကာလိမြို့တွင် ငွေကျပ် ၄၁၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
🔶🔶🔶🔶🔶🔶🔶🔶❌❌❌❌❌❌❌❌
#နေပြည်တော်။ ဇူလိုင် ၂၆
#မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး “ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ ကာလိမြို့တွင် ငွေကျပ် ၄၁၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၅ ရက်နေ့ ၁၀၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ တန့်ယန်းမြို့နယ်၊ နောင်ဖာကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာနေ စိုင်းအောင်ညွန့် ၂၄ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး အလေးချိန် ၁၆.၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၁၇၅ သိန်း)၊ မြန်မာငွေ ၅ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
#CCDAC_Myanmar

Comments
Post a Comment