#ရုရှားက RPG-7V2 စနစ်ကို ဖိလစ်ပိုင်ကြည်းတပ်သို့ထောက်ပံ့ပေးမည်

💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫
#23.7.2019
#ဖိလစ်ပိုင်ကြည်းတပ်အနေဖြင့် လာမည့်ရက်များအတွင်း ရုရှားနိုင်ငံထံမှ RPG-7V2 ဒုံးပစ် လောင်ချာစနစ်များကို လက်ခံရရှိလိမ့်မည်ဟု မျှော်မှန်းထားပြီး ထိုရရှိမှုသည် ဖိလစ်ပိုင်တပ်မတော် အတွက် အဆင့်မြှင့်တင်ရေးအပိုင်းတစ်ခုဖြစ်သည်ဟု MaxDefense Philippines က ဆိုသည်။
ထိုလက်ခံရရှိမှုသည် အမေရိကန်အစိုးရက ချမှတ်ထားသော Countering America`s Adversaries Through Sanctions Act-(CSSTSA) အရ နောက်ကျခဲ့ခြင်းလည်းဖြစ်သည်။ ထိုသို့ဝယ် ယူမှုအတွက် ဖိလစ်ပိုင်ငွေကြေး ပီဆို ၄၀၈ သန်းကို ဘဏ္ဍရေးစီမံခန့်ခွဲမှုဌာနက ၂၀၁၈ ခုနှစ် ဇွန်လတွင် Special Allotment Release Order-SARO အဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ယခုဝယ်ယူသည့် Rocket Launcher Light Acquisition Project သည် ဖိလစ်ပိုင်တပ်မတော် အဆင့်မြှင့်တင်ခြင်းအစီအစဉ်ဖြစ်သည့် Horizon 1 ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။
၎င်းဝယ်ယူမှုအတွက် နိုင်ငံကာကွယ်ရေးအတွင်းရေးမှူးဖြစ်သူ Delfin Lornezana နှင့် JSC Rosoboronexport ၏ အထွေထွေဒါရိုက်တာဖြစ်သူ Alexander Mikheev တို့အကြား RPG-7V ရောင်း ဝယ်မှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် အောက်တိုဘာလကတည်းကပင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရှိရပါသည်။
#DStudies
#myanmarnews24

Comments
Post a Comment