မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် သတင်းများ(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့)

❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌
#မူဆယ်မြို့နယ်၌ ဘိန်းဖြူ ၃၇.၈၈၄ ကီလိုနှင့် စိတ်ကြွဆေးပြား ၁.၈ သိန်းပြား ဖမ်းဆီးရမိမှု
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ၁၂၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များနှင့် ခမရ(၃၁၅)မှ တပ်မတော်သားများပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့သည် သတင်းအရ မူဆယ်မြို့နယ်၊ နန့်အွန်ကျေးရွာနေ ကျောက်တဲ့ယုံ(၃၀)နှစ်၏ နေအိမ်နှင့် ဂိုထောင်တို့အား ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိရဘဲ တင်ဆွေမြင့်(၄၈)နှစ်နှင့် ဂိုထောင်မှူး စိုးနိုင်(၄၆)နှစ်တို့အား တွေ့ရှိရပြီး ဂိုထောင်အတွင်း ရပ်ထားသည့် MDY 9F/×××× Landcruiser ယာဉ်ပေါ်ရှိ ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက် ၃၁၅၇ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃၇.၈၈၄ ကီလို၊ ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စိတ်ကြွ ဆေးပြား ၁.၈ သိန်းပြားတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တင်ဆွေမြင့်(၄၈)နှစ်၊ စိုးနိုင်(၄၆)နှစ်နှင့် ကျောက်တဲ့ယုံ(၃၀)နှစ်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။
#မူဆယ်မြို့နယ်၌ ဘိန်းဖြူ ၂.၁၅ ကီလို ဖမ်းဆီးရမိမှု
၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ၁၄၀၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ မူဆယ်မြို့နယ်၊ တာလုံကျေးရွာအနီး မူဆယ်-နမ့်ဖက်ကာကားလမ်း၌ တွမ်ဖာဆိုင်(ခ) ကျန်းကျိန်ဆိုင်(၃၁)နှစ်မောင်းနှင်ပြီး ချောက်ယီလျှန့်(၂၉)နှစ်လိုက်ပါလာသည့် YGN 2I/xxxx Prado ယာဉ်အား ရှာဖွေရာ ယာဉ်နောက်ခန်းကြမ်းခင်း/ဝဲ/ယာဘေးခြမ်း၊ နောက်ပိတ်တံခါးတို့ရှိအံဝှက်များအတွင်း ဆပ်ပြာခွက် ၂၁၅ ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူ ၂.၁၅ ကီလိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် တွမ်ဖာဆိုင်(ခ)ကျန်းကျိန်ဆိုင်(၃၁)နှစ်နှင့် ချောက်ယီလျှန့်(၂၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။
#ကွတ်ခိုင်မြို့နယ်၌ ဘိန်းဖြူ ၄၃၀ ဂရမ်နှင့် စိတ်ကြွဆေးပြား ၆၀၀၀ ပြား ဖမ်းဆီးရမိမှု
၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ၂၁၃၀ အချိန် ကွတ်ခိုင်မြို့နယ်၊ မုံးစီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ကွတ်ခိုင်မြို့နယ်၊ တရုတ်မန်ပုံကျေးရွာနေ ဒေါ်အားမတ်(၄၆)နှစ်၏ နေအိမ်သို့ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသည့် အောင်ထွန်းကျော်(၁၉)နှစ်အား တွေ့ရှိရပြီး နေအိမ်အိပ်ခန်းအတွင်းမှ ဆပ်ပြာခွက် ၄၃ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၄၃၀ ဂရမ်၊ 88/1 စာတမ်းပါ စိတ်ကြွဆေးပြား ၆၀၀၀ ပြားနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်အားမတ်(၄၆)နှစ်နှင့် အောင်ထွန်းကျော်(၁၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။
#ရေဖြူမြို့နယ်၌ စိတ်ကြွဆေးပြား ၆၀၂၂ ပြား ဖမ်းဆီးရမိမှု
၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ၀၂၀၀ အချိန် ရေဖြူမြို့နယ်၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတာဝန်ကျ ဒုရဲမှူး ဇော်ဝင်းနိုင် ဦးစီးပူးပေါင်းအဖွဲ့သည် သိန်းသန်း(၃၈)နှစ်မောင်းနှင်ပြီး ဖြိုးကိုဦး(၂၆)နှစ်လိုက်ပါလာသော ဆိုင်ကယ်အား စစ်ဆေးရာ သိန်းသန်း ဝတ်ဆင်ထား သော အင်္ကျီအောက်မှ ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စိတ်ကြွဆေးပြား ၆၀၂၂ ပြား၊ ဖုန်း ၁ လုံး၊ ငွေ ၁၁၄,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သိန်းသန်း(၃၈)နှစ်နှင့် ဖြိုးကိုဦး(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။
Credit

Comments
Post a Comment