ဒလတံတားလုပ်ငန်းခွင်ဧရိယာနှင့်မလွတ်၍ စံပြရုပ်ရှင်ရုံပေါ်တီကို ၅ ပေခန့် နောက်ဆုတ်ပေးရမည်
ဒလတံတားလုပ်ငန်းခွင်ဧရိယာနှင့်မလွတ်၍ စံပြရုပ်ရှင်ရုံပေါ်တီကို ၅ ပေခန့်နောက်ဆုတ်ပေးရမည်
❎❎❎❎❎❎❎❎❎❎❎❎❎❎❎❎
#22.7.2019
#ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား(ဒလတံတား)စီမံကိန်းဖော်ဆောင်ရာတွင် ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဧရိယာနှင့် မလွတ်ကင်းသည့်အတွက် စံပြရုပ်ရှင်ရုံ၏ပေါ်တီကို(ဆင်ဝင်)အား နောက်သို့ ၅ ပေ ခန့်ဆုတ်၍ ပြန်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
တံတားလုပ်ငန်းများဆောင်ရွက်စဉ် ဘုန်းကြီးလမ်းအားတဖက်လျှင်ယာဉ် ကြော ၂ လမ်းစီဖွင့်ထားပေးမည်ဖြစ် ကြောင်း တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကောင်းချိုက ပြောသည်။
''စံပြရုပ်ရှင်ရုံရဲ့ ပေါ်တီကို ၅ ပေ လောက်နောက်ဆုတ်ပေးရပါမယ်။ အဲဒါကို ပြန်ပြင်မယ်။ စံပြရုပ်ရှင်ရုံမှာ ကားကျပ်မှာစိုးတဲ့အတွက် စံပြရုပ်ရှင်ရုံနဲ့ ပေါ်တီကို ၅ ပေနောက်ဆုတ်ပြီးတော့ ပြန်ဆောက်ပေးရမှာပါ။ ဆောက်လုပ်ရေးက ပြန်ဆောက်ပေးမှာပါ''ဟု ၎င်းကပြောသည်။
စံပြရုပ်ရှင်ရုံ၏ ပေါ်တီကိုအားနောက် သို့ ၅ ပေခန့်ဆုတ်၍ပြန်ဆောက်ရာတွင် အနော်ရထာလမ်းဘက်ခြမ်းသို့ မျက်နှာမူသည့်တိုင်များပါဝင်ခြင်းမရှိဘဲ ဘုန်းကြီးလမ်းဘက်ခြမ်းသို့ မျက်နှာမူသည့်တိုင်များကိုသာ ပြင်ဆင်ပြန်ဆောက်မည်ဖြစ်ကြောင်း ဦးကျော်ကောင်းချိုက ပြောသည်။
ဘုန်းကြီးလမ်းသည် လက်ရှိအချိန်တွင် ၆ လမ်းသွားလမ်းဖြစ်ပြီး၊ တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပါက တဖက်လျှင်အကျယ် ၄ ဒသမ ၅ မီတာ (၁၅ ပေခန့်) စီခန့်ရှိသောအသွားအပြန် ယာဉ်သွားလမ်း ၂ လမ်းစီချန်ထားဆောင်ရွက်ပေးမည်ဟု ၎င်းကဆက်ပြောသည်။
ထို့အပြင် လုပ်ငန်းဆောင်ရွက်စဉ်ကာလ ဘုန်းကြီးလမ်းအားရှောင်ကွင်း၍ ယာဉ်လမ်းကြောင်း ပြောင်းလဲပြေးဆွဲရန်YBS ယာဉ်လိုင်းများအား ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ ညွှန်ကြားထားသည်။ ဘုန်းကြီးလမ်းတလျှောက် ပလက် ဖောင်းချဲ့ထွင်ပေးရေးကိစ္စ၊ ဘတ်စကားမှတ်တိုင်များရွှေ့ပြောင်းရေးနှင့် ယာဉ်လမ်းကြောင်း ပြောင်းလဲ ပြေးဆွဲရေးကိစ္စများပါဝင်နေပြီး အသေးစိတ်အစီအစဉ်များကို အစည်းအဝေးနောက်တကြိမ်ကျင်းပပြီး မှသာ သိရှိမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်လမ်းတံတားဆိုင်ရာလုပ်ငန်းတာဝန်အဖွဲ့အတွင်းရေးမှူး ဦးလင်းခိုင်က ပြောသည်။
ဒလတံတားတည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန်ဘက်ခြမ်းတွင် သြဂုတ်လပထမပတ်တွင် စတင်မည်ဖြစ်ပြီး၊ စီမံကိန်းပြီးစီးမည့်သတ်မှတ်ကာလအတွင်း ဘုန်းကြီးလမ်းအလယ်ကို နေရာယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
လင်းလင်းအောင်
#News_Watch

Comments
Post a Comment