ထီးချိုင့်မြို့တွင် လူသတ်မှု ဖြစ်ပွားခဲ့ရာ တရားခံအား နာရီပိုင်းအတွင်းဖမ်းမိ

🔪🔪🔪🔪🔪🔪🔪🔪🔴🔴🔴🔴🔴🔴🔴🔴
#ဇူလိုင် ၂၃
#စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့၊ အမှတ်၂ ပိတောက်လှရပ်ကွက်တွင်လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ၂၂ ရက်နေ့ ည၈နာရီတွင် ထီးချိုင့်မြို့မရဲစခန်းမှ ယာယီစခန်းမှူးရဲအုပ်ဋ္ဌေးဝင်း ဦးစီး သောရဲတပ်ဖွဲ့ဝင်များသည် လူသတ်မှု့ဖြစ်ပွားကြောင်းသတင်းအရအခင်းဖြစ်နေရာသို့ သက်သေများနှင့် အတူ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ရာ ထီးချိုင့်မြို့၊ အမှတ်၂ပိတောက်လှရပ်ကွက်နေ ဖြိုးဝေမောင်(ခ)ဖိုးဖက်နှင့် ခြံချင်းကပ်လျှက်နေအောင်ကျော်သူတို့နှစ်ဦးသည် အရက်သေစာသောက်စားမူးယစ်နေကြပြီး တိုက်ကြက်နှစ် ကောင်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ကြရာ အောင်ကျော်သူနှင့်ညီဖြစ်သူဟိန်းထက်အောင်တို့နှစ်ဦးမှ ဖြိုးဝေမောင်(ခ)ဖိုးဖက်အားအရိုးအသွား(၁၂)လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ထိုးသွင်းခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံး သွားကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်ထီးချိုင့်မြို့၊အမှတ်၂ ပိတောက်လှရပ်ကွက်နေအောင်ကျော်သူနှင့် ညီဖြစ် သူဟိန် ထက်အောင်တို့နှစ်ဦးအား ထီးချိုင့်မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)
#The_Mirror_Daily

Comments
Post a Comment