သရက်မြို့ တူရကီစစ်သချိင်္ုင်းသို့ ခရီးသွားဧည့်သည်များ နေ့စဉ် လာရောက်လည်ပတ်မှုများရှိ

======================
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ တူရကီစစ်သချိင်္ုင်းကို ပြုပြင်ပြီးနောက်ပိုင်းမှာ နေ့စဉ်ဆိုသလို ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်တာတွေရှိနေတယ်လို့ သရက်မြို့နယ် စည်ပင်သာယာရေးကော်မတီဆီက သိရပါတယ်။ အဲဒီစစ်သင်္ချိုင်းကို (၂၀၁၂) ခုနှစ်မှာ တူရကီနိုင်ငံအကူအညီနဲ့ စတင်ပြုပြင်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး (၂၀၁၄) ခုနှစ်မှာ ပြီးစီးခဲ့တာဖြစ်ပါတယ်။
“လာရောက်လည် ပတ်တဲ့သူတွေက နေ့စဉ်ပုံမှန်လိုလိုရှိပါတယ်။ ရပ်နီး၊ ရပ်ဝေးလည်းလာတယ်။ တူရကီစစ်သချိင်္ုင်းက မြန်မာပြည်မှာ တစ်ခုတည်းသော နေရာဖြစ်တဲ့အတွက်ကြောင့် သိတဲ့သူတိုင်းက လာတယ်။ အဖွဲ့စည်းတွေလည်း လာရောက် လေ့လာကြတယ်။”လို့ သရက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဟြေပါတယ်။
လက်ရှိမှာလည်း အဲဒီစစ်သင်္ချိုင်းရဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို တူရကီနိုင်ငံရဲ့ အကူညီနဲ့ သရက်မြို့နယ် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
“ပထမကမ္ဘာစစ်ကတည်းက ကျဆုံးခဲ့တဲ့ သူတို့ရဲ့နိုင်ငံသားတွေအပေါ် သူတို့ဘယ်လိုအလေးထားတယ်ဆိုတာ ဒါကို ကြည့်ခြင်းအားဖြင့်သိနိုင်တယ်”လို့ စစ်သင်္ချိုင်းသို့ လာရောက် လည်ပတ်သူတစ်ဦးက ပြောပါတယ်။
တူရကီစစ်သချိင်္ုင်းဟာ ပထမကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံကို ဗြိတိသျှတပ်မတော်ရဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ကျဆုံးခဲ့တဲ့ တူရကီစစ်သားတွေနဲ့ အစိုးရအမှုထမ်းတွေကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ်နဲ့ တည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း -အောင်ကျော်သူ

Comments
Post a Comment