မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး “ရှမ်းရိုးမ-၂”စစ်ဆင်ရေး

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး “ရှမ်းရိုးမ-၂”စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုးမှ နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
❎❎❎❎❎❎❎❎❎❎❎❎❎❎❎❎
#နေပြည်တော်။ ဇူလိုင် ၂၃


#မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး “ရှမ်းရိုးမ-၂”စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး(နောင်ချိုလှုပ်ရှား)မှ နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၂ ရက်နေ့ ၁၈၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး(နောင်ချို လှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး သွားပြည်ထောင်စုကားလမ်းပေါ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် လားရှိုးမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ လားရှိုးမြို့၊ နားမခေါ်ကျေးရွာနေသူများဖြစ်သည့် မြင့်သူ(ခ)မြင့်သော် ၃၄ နှစ်မောင်းနှင်ပြီး ညီညီ(ခ)မိတ္ထီလာ ၃၁ နှစ်စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

#CCDAC_Myanmar

Comments