ဒေါက်တာလဲ့လဲ့မော်၏ ခဲအို ဦးအောင်စိုးအပါအ၀င် ဒီချုပ်ဗဟိုနှင့် တိုင်းအဆင့်တာဝန်ရှိသူငါးဦးကို စုံခုံဖွဲ့စစ်ဆေး

ဒေါက်တာလဲ့လဲ့မော်၏ ခဲအို ဦးအောင်စိုးအပါအ၀င် ဒီချုပ်ဗဟိုနှင့် တိုင်းအဆင့်တာဝန်ရှိသူငါးဦးကို စုံခုံဖွဲ့စစ်ဆေး
❌❌❌❌❌❌❌❌❌❌❌❌❌❌
Friday,
#July 26, 2019

အဂတိမှုဖြင့် တရား စွဲဆိုခံနေရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ခဲအိုတော်စပ်သူ ဒီချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်စိုးနှင့် တနင်္သာရီတိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင် သုံး ဦးကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စစ်ဆေးနေကြောင်း ဒီချုပ်ပါတီပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က အတည်ပြုပြောကြားသည်။

ထို့အပြင် ဒီချုပ်ဗဟိုသုတေ သနအဖွဲ့ အတွင်းရေးမှူးဦးမျိုးရန် နောင်သိမ်းကိုလည်း တိုင်ကြားမှု ကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စစ်ဆေးနေသည်။

‘‘တိုင်စာရှိလို့ပါ။ တိုင်စာရှိ ရင်တော့ ဘယ်သူမဆို စုံစမ်းစစ် ဆေးတာပါပဲ’’ဟု ဒေါက်တာမျိုး ညွန့်က ယမန်နေ့တွင် ပြောသည်။

တိုင်ကြားစာများနှင့်ပတ် သက်၍ ပါတီပြောရေးဆိုခွင့်ရှိသူ က အသေးစိတ် ထုတ်ဖော်ပြော ကြားခြင်း မရှိပေ။

တိုင်ကြားမှုများနှင့်ပတ်သက် ၍ ပါတီဗဟိုအဆင့်တာဝန်ရှိသူ နှစ်ဦးနှင့် တိုင်းအဆင့်ပါတီ တာဝန်ရှိသူ သုံးဦးကို စုံခုံဖွဲ့စုံစမ်းစစ်ဆေး ရန် ဇူလိုင် ၂၂ ရက်က နေပြည် တော်တွင် ပြုလုပ်သည့် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ အစည်း အဝေးအပြီး  ဆုံးဖြတ်ခြင်းဖြစ် သည်။ထို့နောက် ဦးအောင်စိုး သည် ၎င်းအပေါ် စုံစမ်းစစ်ဆေးမှုများ မပြုလုပ်မီ ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ဇူလိုင် ၂၄ရက် က ဒီချုပ်ဗဟိုသို့ စာတင်ခဲ့သည်။

ထို့ကြောင့် ဦးအောင်စိုး၏ နုတ်ထွက်စာတင်ပြမှုကို လက်ရှိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တာ ၀န်အရှိဆုံးသူဖြစ်သည့် ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ထံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ က တင်ပြထားသည်။

ဗဟိုအလုပ်အမှုဆောင် အ ဖွဲ့ဝင် ဦးအောင်စိုးသည် တနင်္သာ ရီတိုင်း ဒီချုပ်ပါတီဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့အတူ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်နှင့် သရက် ချောင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဖြစ်သည်။

ဦးအောင်စိုးနှင့်အတူ တိုင် ကြားခံရသည့် တနင်္သာရီတိုင်း ဒီ ချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင် သုံးဦးသည် တိုင်းအလုပ်အမှုဆောင် အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးအေးနိုင်၊ သတင်းပြန်ကြားရေး တာဝန်ခံ ဒေါ်မြရတနာထက်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်းတို့ ဖြစ်သည်။

လက်ရှိတွင် ဦးအောင်စိုးနှင့် တနင်္သာရီတိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင် သုံးဦးအပေါ် စုံစမ်းစစ် ဆေးရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် ဦး ဆောင်သည့် စုံခုံအဖွဲ့ကို ဖွဲ့စည်း ထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ တိုင်ကြားခံရသူများထံ ယမန် နေ့က ဖုန်းဖြင့် ဆက်သွယ်မေး မြန်းရာ ဆက်သွယ်မရပေ။

ဗဟိုသုတေသနအဖွဲ့ အ တွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၀င် ဦးအောင်စိုးအပါအ၀င် တန င်္သာရီတိုင်း ဒီချုပ်အလုပ်အမှု ဆောင် အဖွဲ့ဝင်သုံးဦး၏ ပါတီတာဝန်များကို စုံစမ်းစစ်ဆေးသည့် ကာလအတွင်း ယာယီရပ်ဆိုင်း ထားမည် ဖြစ်သည်။

တနင်္သာရီတိုင်းလွှတ်တော် က တိုက်ခိုက်သဖြင့် ဒေါက်တာ လဲ့လဲ့မော်သည် အဂတိမမြောက် ဘဲ ထောင်တွင်း ရောက်ရသည်ဟု ဦးအောင်စိုးရ၏ ပါတီအစည်းအ ဝေး တစ်ခုအတွင်း ပြောဆိုမှုနှင့် ပတ်သက်၍ ပါတီဝင်အချို့က ဒီ ချုပ်ဗဟိုသို့ ဇွန်လအတွင်း တင် ပြခဲ့သည်။ ထို့အတူ ဒေါ်အောင် ဆန်းစုကြည်၏ တနင်္သာရီတိုင်း ခရီးစဉ်အတွင်း ထားဝယ်၊ မြိတ်၊ကော့သောင်းခရိုင်ရှိ ဒေသခံများက အဂတိကျော်စောသည့် ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အပါအ၀င် ၎င်းနှင့်ခဲအိုတော်စပ်သူ ဦးအောင်စိုးနှင့် တိုင်းအစိုးရအဖွဲ့ ၀င်အချို့ကို အရေးယူပေးရန် ဆန္ဒထုတ်ဖော်ခြင်း၊ စာပေးပို့တိုင်ကြားခြင်းများ ပြုလုပ်ခဲ့သည်။

ဒီချုပ် ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်သိမ်းက ၎င်းအားမည်သည့်အတွက် တိုင် ကြားသည်ကို မသိကြောင်းနှင့် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင် ရေး၊ ၂၀၂၀ ရွေးကောက်ပွဲဖြစ်စဉ် တို့နှင့်ပတ်သက်၍ ယခင်အတိုင်း လုပ်ဆောင်နေသည်ဟု ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီခန့်တွင် ပြောသည်။

‘‘ကျွန်တော့်အတွက်တော့ အရေးမကြီးဘူး။ စိတ်လည်း မပူ ဘူး။ စိတ်အနှောင့်အယှက်အ နည်းငယ်တော့ ဖြစ်တယ်’’ ဟု စုံစမ်းစစ်ဆေးရမည့် အခြေအနေ နှင့်ပတ်သက်၍ ၎င်းကမှတ်ချက်ပြုသည်။

ဦးမျိုးရန်နောင်သိမ်းကို ဒီချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းဦးဆောင်သည့် အဖွဲ့ ၀င်သုံးဦးပါ  စုံခုံဖွဲ့  စစ်ဆေးမည်ဖြစ်သည်။

#7Day_News_Journal

Comments