ကြောက်စရာကောင်းတဲ့ မကွေးတိုင်း ရေနံချောင်း နယ်က လူတွေအစုလိုက် အသတ်ခံရမှူ့ (ကနဦးသတင်း)

ကြောက်စရာကောင်းတဲ့ မကွေးတိုင်း ရေနံချောင်း နယ်က လူတွေအစုလိုက် အသတ်ခံရမှူ့ (ကနဦးသတင်း)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မကွေး တိုင်းဒေသကြီး ရေနံချောင်း မြို့နယ်အတွင်း ဖရဲကျွန်းကျေးရွာနှင့်ကန်သာကျေးရွာတို့ ၂၃.၇.၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် မြေနုကျွန်းကိစ္စ စကားများကြားရာ ဖရဲကျွန်းကျေးရွာမှ လူ ၃၉ဦးပျောက်ဆုံးနေပြီး ၁၇လောင်း ပြန်လည်တွေ့ရှိရာ အလောင်းတွင် သိသာသော အသတ်ခံ
ရသည့် ဒဏ်ရာများ ပါကြောင်းလဲသိရပါတယ်…။

သေဆုံးအလောင်းများကို ပြန်လည်တွေ့ရှိချိန်မှာ ၊ဓားဒဏ်ရာများ ၊ ရဲတင်းနဲ့ အခုတ်ခံထားရလို့ လက်ပြတ်နေသူများ ၊ မျက်လုံးပေါက်ထွက် ဒဏ်ရာများ ၊ ခေါင်းဖြတ်ခံထားရသူများ ၊ တစ်ဉ်ီးမှာသံကြိုးများနှင့် ချည်ပြီးအသတ်ခံထားရသည်များကိုလဲ တွေ့ရပါတယ်….၊

အသက်ရှင် လွတ်မြောက်လာသူများမှာလဲ ဓားဒဏ်ရာများလေးခွ ဒဏ်ရာများ အပြည့်နဲ့ သူတို့ပြောပြချက်အရ”အသံချဲ့စက်နဲ့ အော်ကာလူစုပြ်ီး သတ်သည် ဖြစ်ကြောင်း ၊နောက်တစ်ခါ ဒီမြေကို ပြန်ယူချင်ဉ်ီးမလားဆိုပြ်ီး မေးမေးသတ်သည်ဖြစ်ကြောင်း ” သိရပါသည်….၊သေးဆုံးသူများထဲတွင် အသက် ၁၂ နှစ် အရွယ်ကလေးတစ်ဦးလဲပါဝင်ကြောင်းသိရပါတယ်….၊

ကနဦးဖြစ်စဉ်မှာ……၊

ဖရဲကျွန်းကျေးရွာ အပိုင် မြေနေရာတွင် ၁၅ နှစ်စာလုပ်ကိုင်စားသောက်ခွင့် စာချုပ်နှင့် အငှါးချထားခဲ့ပေမယ့် စာချုပ်သက်တမ်းကုန်သည်အထိ ကန်သာကျေးရွာမှ ဖယ်မပေးသည့်အပြင် ၄င်းမြေနေရာပေါ်တွင်နေအိမ်များဆောက်လုပ်လာသည့်အတွက် ၂၀.၈.၂၀၁၈ရက်နေ့တွင် ရေနံချောင်းမြို့နယ် ထွေအုပ်ထံ တိုင်တန်းခဲ့ ခြင်းအပေါ် အရေးယူဖြေရှင်းပေးခဲ့ခြင်း မရှိသည့်အတွက်၁၂.၉.၂၀၁၈ နေ့တွင် ခရိုင်ထွေအုပ်ထံ တိုင်တန်းခဲ့သော်လဲအရေးယူဖြေရှင်းပေးခြင်း မရှိဘူးလို့သိရပါတယ်….။

ထို့နောက် ၄င်းမြေမှာလဲ ယခုလက်ရှိ ဖရဲကျွန်းကျေးရွာအတွက် စာသင်ကျောင်းဆောက်ရန် နေရာသတ်မှတ်ထားသော မြေနေရာဟု သိရပါတယ်….၊

အသတ်ခံရမှ လွတ်မြောက်လာသူတွေမှ ပြောပြချက်အရရောအခင်းဖြစ်စဉ်နေရာမှာ အသတ်ခံရမှာစိုးသည့်အတွက် ပုန်းနေသည့်သူများမှ ပြောကြားချက်အရ ” ဒါဟာ လူသတ်မှူ့ကြီးပါလူမဆန်စွာ သတ်ကြတာပါ ၊ အသတ်ခံရတဲ့ ကျနော်တို့ ဘက်မှာဘာလက်နက်မှ မပါပါဘူး ၊သူတို့က အသံချဲ့စက်နဲ့ အော်ပြ်ီး
လူစုသတ်တာ ၊ ဓားတွေ လှံတွေ လေးခွတွေ ပါကြတယ်သတ်ပြီးတော့ စက်လှေဖောက်ပြ်ီး နစ်ပစ်လိုက်ကြတာ ၊ ဒါဟာ ဘယ်လိုဖြစ်ပြီး ရေနစ်သေမှူ့ဖြစ်ကြတာလဲ ၊သေဆုံးသူအလောင်းတွေက ဒဏ်ရာတွေကို ကြည့်ရင်သိသာပါတယ်လို့ ” ပြောကြပါတယ် ……။

ဒီလူသတ်ခံရမှူ့ဟာ ဆိုးရွားလွန်းလှတယ် ၊ ဒါကို နိုင်ငံတော်သမ္မတကြီးက အစ သိရှိပြီး အမှူ့မှန်ပေါ်ပေါက်နိုင်အောင်ကူညီပေးစေချင်ပါတယ်……။.

(ဆက်လက် သတင်းရရင် ထပ်တင်ပေးပါ့မယ်)

Credit...#အဘ​​ပေါက်​စ

Comments