လူကုန်ကူးမှုကျူးလွန်သူ နှစ်ဦးကို " ဝ " အဖွဲ့ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်း

လူကုန်ကူးမှုကျူးလွန်သူ နှစ်ဦးကို " ဝ " အဖွဲ့ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်း
❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌
#21.7.2019

#လူကုန်ကူးမှုကျူးလွန်ပြီး "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ သွားရောက်နေထိုင်သူ နှစ်ဦးကို ဝ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး လားရှိုးမြို့မှာရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ဒီနေ့မနက်မှာ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။

လားရှိုးမြို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုက လူကုန်ကူးမှု ကျူးလွန်သူ နှစ်ဦးကို ကူညီဖမ်းဆီးပေးဖို့ "ဝ"  အထူးဒေသ (၂) ဆက်ဆံရေးရုံး လားရှိုးမြို့ တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားတာကြောင့် ဖမ်းဆီးပြီး လွဲပြောင်းပေးအပ်လိုက်တာဖြစ်ကြောင်း "ဝ" ပြည်နယ် ပြင်ပဆက်ဆံရေးရုံး လားရှိုးမြို့ တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
ဒီနေ့ လွဲပြောင်းပေးအပ်လိုက်သူ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လက တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး အမျိုးသမီး တစ်ဦးကို လိမ်လည် ခေါ်ဆောင်ပြီး "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရောင်းစားပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့ကြောင်း တိုင်ကြားတာကြောင့် တောင်ငူမြို့ အမှတ် (၂) ရဲစခန်းမှာ  လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လားရှိုးမြို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာလည်း ပြစ်မှုကျူးလွန်ပြီး ဖမ်းဆီးဖို့ ကျန်ရှိနေသူတချို့ရှိတာကြောင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောပေမယ့် အရေအတွက် အတိအကျကိုတော့ ဝ အဖွဲ့က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူတွေအနေနဲ့ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုအပါအဝင် ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေကြောင်းလည်း ဦးညီရမ်းက ပြောပါတယ်။

Photo: Nyi Rang

(" ဝ " ရဲတပ်ဖွဲ့ဖမ်းဆီးပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တဲ့ လူကုန်ကူးမှုကျူးလွန်သူ နှစ်ဦးကိုတွေ့ရစဉ်)
#RFA_Burmese

Comments