H1N1 ကြောင့် သေဆုံးသူ ၆၄ ဦးရှိလာ၊ ရန်ကုန်တွင် တစ်ဦးထပ်မံသေဆုံး

H1N1 ကြောင့် သေဆုံးသူ ၆၄ ဦးရှိလာ၊ ရန်ကုန်တွင် တစ်ဦးထပ်မံသေဆုံး
====t====h====u====r====a====
7Day News Journal

ရန်ကုန်တိုင်းတွင် တစ် ဦးထပ်မံသေဆုံးပြီးနောက် ရာသီ တုပ်ကွေး (H1N1)ရောဂါကြောင့် တစ်နိုင်ငံလုံး၌ သေဆုံးသူ ၆၄ ဦးအထိရှိလာကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ယမန်နေ့(ဇူလိုင် ၂၀ ရက်)တွင် သတင်းထုတ်ပြန်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဇူလိုင် ၁၉ ရက်က သေဆုံးသူ ၆၃ ဦးရှိပြီး ဇူလိုင် ၂၀ ရက်တွင်မူ ရန်ကုန်တိုင်းမှ သေဆုံးသူတစ်ဦး တိုးလာကာ ၆၄ ဦးရှိလာသည်။

ထို့ကြောင့် ဇူလိုင် ၂၀ ရက် အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ရာသီတုပ်ကွေးသံသယလူနာ ၈၀၇ ဦးကို ဓာတ်ခွဲစစ်ဆေးရာ ၃၄၁ ဦး ပိုးတွေ့ရှိပြီး ၆၄ ဦး သေ ဆုံးခဲ့သည်။

သေဆုံးသူ ၆၄ ဦးသည် ရန် ကုန်တိုင်းမှ ၅၁ ဦး၊ ဧရာဝတီတိုင်း မှ လေးဦး၊ ပဲခူးတိုင်းမှနှစ်ဦး၊ စစ် ကိုင်းတိုင်းမှ နှစ်ဦး၊ မွန်ပြည်နယ် မှသုံးဦး၊ ကချင်ပြည်နယ်မှ တစ်ဦး နှင့် မကွေးတိုင်းမှတစ်ဦးဖြစ် သည်။

ချင်းပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတို့မှလွဲ၍ ကျန်တိုင်း နှင့်ပြည်နယ်များတွင် ယင်းရောဂါ ပိုးတွေ့ရှိရပြီး ပိုးတွေ့ရှိမှုနှင့်သေ ဆုံးမှုအများဆုံးသည် ရန်ကုန် တိုင်းဖြစ်သည်။

သေဆုံးသူများကိုကြည့် လျှင် အသက်(၁၅)နှစ်မှ (၆၅)နှစ် အရွယ်သေဆုံးမှု ၅၀ ရာခိုင်နှုန်း၊ (၁)နှစ်မှ (၅)နှစ်အရွယ်သေဆုံးမှု ၁၇ ရာခိုင်နှုန်း၊ (၁)နှစ်အောက် ကလေးသေဆုံးမှု ၇ ရာခိုင်နှုန်း၊ (၅)နှစ်မှ (၁၅)နှစ်အ ရွယ်သေဆုံး မှု ၁၄ ရာခိုင်နှုန်း၊ (၆၅)နှစ်အထက် သေဆုံးမှု ၁၂ ရာခိုင်နှုန်းဖြစ်သည်။

လတ်တလောပြင်းထန်အ သက်ရှူလမ်းကြောင်းပိုးဝင်ရော ဂါ(SARI)ဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူသူအများအပြားရှိ သော ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ နေပြည်တော်၊ ကချင်၊ ပဲခူး၊ မကွေး၊ မွန်ပြည်နယ်တို့ရှိဖြစ်ပွားရာမြို့နယ်များတွင်  ကျန်းမာရေး အသိပညာပေးခြင်းနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျန်းမာရေးဌာနများမှ တာဝန်ရှိ သူများနှင့် ညှိနှိုင်း၍ အရှိန်အဟုန် မြှင့်ဆောင်ရွက်ရန် ဇူလိုင် ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ် သည့် ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာ ကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြား သည်။

သေဆုံးသူများသည် အ သက်အရွယ်ငယ်လွန်းသူများနှင့် ကြီးလွန်းသူများ၊ ဆီးချို၊ သွေး တိုး၊ နှလုံးရောဂါနှင့်အသက်ရှူ လမ်းကြောင်းရောဂါစသည့်နာ တာရှည်ရောဂါအခံရှိသူများဖြစ် သည်။ ထို့ကြောင့် နာတာရှည် ရောဂါအခံရှိသူများ၊ ကလေး ငယ်များနှင့် သက်ကြီးရွယ်အိုများ တွင် အထူးဂရုပြုနေထိုင်ရန်ဆရာ ၀န်များက အကြံပြုထားသည်။

‘‘အဓိကကတော့ နှာချေ တိုင်း၊ ချောင်းဆိုးတိုင်းမှာ ပါးစပ် နဲ့နှာခေါင်းကို လက်ကိုင်ပ၀ါစ၊ တစ်ရှူးစတဲ့အကာအကွယ်တွေနဲ့ သေချာစွာဖုံးအုပ်ကြပါ။ အပြင် က ပြန်လာပြီဆို ဘာမှမကိုင်တွယ် မီ ရေ၊ ဆပ်ပြာတို့နဲ့လက်ကို သေ ချာစွာဆေးဖို့လိုတယ်။ လူစုလူ ဝေးကို ဒီကာလတွေမှာ တတ်နိုင် သမျှ ရှောင်ကြဉ်ပါ။ အဓိကက ကိုယ်ခံအားကောင်းအောင်နေ ထိုင်ကြပါ’’ ဟု ဆရာဝန်တစ်ဦးက တိုက်တွန်းသည်။

၂၀၁၇ က တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပိုးတွေ့ရှိသူ ၄၀၆ ဦးရှိပြီး ၃၈ ဦးသေဆုံးခဲ့ သည်။ ၂၀၁၈ က ပိုးတွေ့ရှိသူ ၁၃ ဦးရှိပြီး သေဆုံးမှုမရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။


Credit
7Day News Journal
21 - 7 - 2019

Comments