Posts

မိခင်ရဲ့ အသက်ကိုဆက်ဖို့အတွက်

Image
မိခင်ရဲ့ အသက်ကိုဆက်ဖို့အတွက် လူသေအလောင်းတွေကို မီးသဂြိုလ်ပေးတဲ့ အလုပ်ကိုလုပ်နေတဲ့ ကလေး မိခင်ရဲ့ အသက်ကိုဆက်ဖို့အတွက် လူသေအလောင်းတွေကို မီးသဂြိုလ်ပေးတဲ့ အလုပ်ကိုလုပ်နေတဲ့ ကလေး လောကကြီးကတော့ အချို့သော လူသားတွေအဖို့ ခက်ခဲကြမ်းတမ်းလှပါတယ်။ လောကဓံတရား၏ ထုထောင်းမှုကို ခံစားရသူများစွာလည်းရှိပါတယ်။ တစ်ချို့သော ကလေးငယ်တွေအဖို့လည်း လောကဓံ၏ နိုပ်စက်မှုကို ခံစားနေရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နှင့် အခြားကလေးတွေလို ကျောင်းမတက်နိုင်ဘဲ မိသားစု စားဝတ်နေရေးအတွက် ရှာဖွေနေရပါတယ်။ ယခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ထိုင်းနိုင်ငံက ၁၂နှစ်အရွယ် ကလေးငယ်လေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒီကလေးငယ်လေးဟာ အခြားသောကလေးငယ်တွေကို ဘဝကမလှပလှသလို  ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝခရီးလမ်းကိုဖြတ်သန်းနေရတာပဲဖြစ်ပါတယ်။ အလွန့်ကို အခြားသောကလေးငယ်တွေကို  ပျော်ရွှင်ဖို့ အချိန်မရှိရှာသလို ရောဂါသည်မိခင်ကြီးရဲ့ ဆေးဖိုးအတွက် ဘယ်သူ့မှ မလုပ်ချင်တဲ့ လူသေအလောင်းတွေကို မီးသဂြိုလ်ပေးရတဲ့ အဆော့ကစားဖို့လုပ်ကိုလုပ်ကိုင်နေရတာပဲဖြစ်ပါတယ်။ ဒီအလုပ်ကိုလုပ်မှသာ သူ့အမေအတွက် ဆေးဖိုးကိုရှာနိုင်မှာဖြစ်သလို စားဝတ်နေရေးလည်း အဆင်ပြေနိုင်မှာ...

ထမင်းစားတာ နှေးလွန်းလို့ ဆိုပြီး သံတုတ်နဲ့ သေတဲ့အထိ ရိုက်တဲ့ မိထွေး

မိထွေးတိုင်းက မဆိုးကြပေမဲ့လည်း မွေးမိခင်အရင်းလောက်တော့ ချစ်နိုင်မှာ မဟုတ်ဘူးလို့ပဲ ယုံကြည်ပါတယ်။ တရုတ်နိုင်ငံ ရှိန်ဒုန်မြို့က (၇) နှစ်အရွယ် သမီးလေးဟာ ထမင်းစားတာ နှေးလွန်းတဲ့ အတွက် မိထွေးဖြစ်သူက သူ့ကို အပြစ်ပေးတဲ့ အနေနဲ့ (၁) နာရီကြာ သံတုန်နဲ့ ရိုက်ခဲ့ပါတယ်။ ကလေးဟာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အဖေဖြစ်သူက ဆေးရုံကို အမြန်ပို့ပေးခဲ့ပေမဲ့ အသက်ကယ်ဖို့ မမှီတော့ဘဲ (၁၀) မိနစ်အတွင်း ဆုံးသွားပါတယ်။ သတင်းအရ ဂူမူ (Guo Muo) လို့ ယူဆရတဲ့ သမီးလေးဟာ မိသားစုနဲ့အတူ နေ့လယ်စာစားတဲ့ အချိန်မှာ သူ့ရဲ့ မိထွေးက သူ့ကို “စားတာ အရမ်း နှေးရင် အရိုက်ခံရမယ်”လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ထမင်းစားပြီးတဲ့ အချိန်မှာ မိထွေးက ကလေးကို အိပ်ခန်းထဲ ခေါ်သွားပြီး တံခါးပိတ်လျက် သံတုတ်နဲ့ ကလေးကို ရိုက်ခဲ့ပါတယ်။ ကလေးရဲ့ အဖေဟာ အိပ်ခန်းအပြင်ဘက်မှာ ရှိနေပြီး သူ့ဇနီးကို ကြောက်တဲ့အတွက် ကြားဖြတ်ဝင်မတားရဲတာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ အိပ်ခန်းတံခါးကို ဖွင့်ပြီး အိပ်ခန်းထဲ ဝင်သွားတဲ့ အချိန်မှာ သူ့သမီး ပြင်းထန်စွာ အရိုက်ခံခဲ့ရတာ မြင်ခဲ့ရပါတယ်။ ဖခင်ဖြစ်သူဟာ ကလေးကို ဆေးရုံ ပို့ပေးခဲ့ပေမဲ့လည်း အချိန်မမှီတော့ဘဲ သေသွားခဲ့ရပါတယ်။ ဖခင်ဖြစ်သူက သူ...

ဖျာပုံ က မောင်ပြည်စုံအောင် တဲ့ မိဘဆွေမျိုးများ သိအောင်

ဖျာပုံ က မောင်ပြည်စုံအောင် တဲ့ မိဘဆွေမျိုးများ သိအောင် အကြောင်းကြားလာပါတယ် ခင်ဗျာ ဒီနေ့ မနက် တောင်ကြီးကနေ တာချီလိတ် သို့ စီးနင်းလိုက်ပါလာသော မှတ်ပုံတင်အမှတ်၁၄ အမည် မောင်ပြည့်စုံအောင် ဖျာပုံဟု သိရသူသည်။  ကျိုင်းတုံ ကားဂိတ်တခု၌ အကြောတက် သတိလစ်နေပါသဖြင့် အနီးရှိ မိဘသွေး ပရဟိတမှ လူကြီးမင်းများက ပုံပါအတိုင်းပြုစုပေးလိုက်လို့ သတိရ သက်သာသွားသော်လည်း ကြောင်တောင်တောင် ဖြစ်နေပါသည်။  ဘာတခုမှ မေးမရ မပြောတတ် မှတ်ပုံတင်ပါ အချက်အလက်များကလည်း ဖတ်မရ ပျက်နေပါသဖြင့် ဆွေမျိုးမိသားစုများ သိစေရန် ပြန်ရှယ်ပေးကြပါ  လက်ရှိ ကျိုင်းတုံ ကားဝန်းထဲမှာ ကျန်ခဲ့ပြီး ဦးတည်ရာ ထထွက် သွားနေပါတယ် သူ့ မှာ ဖုန်းတလုံးတော့ ပါလာပါသည်။  ခရက်ဒစ်

ခြေရာတော်ကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏

Image
ခြေရာတော်ကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ လေ့ကျင့်ရေးစခန်းတစ်ခု သိမ်းပိုက်ရရှိ 🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠 #နေပြည်တော်၊ သြဂုတ် - ၅ #ရခိုင်ပြည်နယ်၊ #စစ်တွေမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ခြေရာတော် ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုအား ပစ်ကျင်း ၆ ကျင်း၊ လူနေတဲ ၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာ၊ မြေခင်းစ ၁၄ ထည်၊ ဂေါ်ပြား၊ တူးရွင်း၊ ဓား ၈ ချောင်း၊ လက်ကိုင်ဖုန်း ၁ လုံး၊ တန်းစီကွင်း ၁ ကွင်းတို့နှင့် အတူ သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဝန်းကျင်တစ်ဝိုက်အား နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် သြဂုတ် ၃ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ခြေရာတော် ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့် အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ၀ှက်ထားသော လေ့ကျင့်ရန် ပြုလုပ်ထားသည့် သစ်သားသေနတ် ၅၀၀ လက်၊ ဒီတိုနေတာ ၆ ခု၊ ပွိုင့်၅ ကျည်ခွံပုံး ၃ ပ...

ကော့သောင်းမြို့တွင်ညသန်းခေါင်ယံအချိန် ဓားထောက် အနုကြမ်းစီး

Image
ကော့သောင်းမြို့တွင်ညသန်းခေါင်ယံအချိန် ဓားထောက် အနုကြမ်းစီး လုယက်မှုဖြစ်ပွား ❎❎❎❎❎❎❎❎❎❎❎❎❎❎❎❎ #ကော့သောင်း  ဩဂုတ် ၅ #တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့  ဆယ်မိုင်ကျေးရွာ ရှိ (၃)ထပ်တိုက် တစ်ဆောင်တွင် ယမန်နေ့ ညသန်းခေါင်ယံအချိန် က အိမ်အတွင်းသို့ဝင်ရောက် ဓားထောက် အနုကြမ်းစီး လုယက်မှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါနေ့ ဩဂုတ် ၄ ရက် သန်းခေါင်ကျော် ၁ နာရီခန့်တွင် ဆယ်မိုင်ကျေးရွာ ဗိုလ်ချုပ်လမ်း ၊  ဦးအောင်စိုး (၆၆)နှစ် သည်နေအိမ်၌ အိပ်ပျော်နေစဉ် အမည်မသိ (လူမြင်မှတ်မိ)သူ တစ်ဦး အိမ်း၏ တံခါးမကြီးကို သော့တူဖြင့် ဖွင့်၍ အိမ်အပေါ် ထပ်သို့ တက်ရောက်လာပြီး ဓားဖြင့်ထောက်ကာ အိမ်ရှင် ဦးအောင်စိုး၏  လည်ပင်းနှင့်လက်အား ကြိုးဖြင့် ချည်နှောင်၍ အိပ်ယာဘေးတွင် အသင့်တွေ့ရှိ သည့် ငွေကျပ် သိန်း ၂၀ ကိုယူပြီး ဓားထောက်ခြိမ်းခြောက်ကာ မီးခံသေတ္တာ သော့တောင်း၍  မီးခံသေတ္တာအတွင်းမှ အတွင်းပစ္စည်း ရွှေငွေနှင့် လက်ဝတ် ရတနာပစ္စည်း  စုစုပေါင်းကာလတန်ဘိုး (၅၈၃)သိန်း ခန့်အားအနုကြမ်းစီး လုယက်ခံရခြင်းဖြစ်ကြောင်းသိရသည်။` ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကော့သောင်းမြို့နယ်  ရဲတပ်ဖွဲ့စခန်းမှ ထွက်ပြေး လွှတ်...

ပန်းတ​နော်​ မြစ်​ကူးတံတား သ​ဘောင်္ဖြင့် ဝင်တိုက်ခံရပြီး

Image
ပန်းတ​နော်​ မြစ်​ကူးတံတား သ​ဘောင်္ဖြင့် ဝင်တိုက်ခံရပြီး တံတားဘောင်တစ်ချို့ပျက်စီး ❎❎❎❎❎❎❎❎❎❎❎❎❎❎❎❎ ဘကျော်/ဧရာဝတီတိုင်းမ် #ပန်းတနော်၊ ဩဂုတ် ၅ ရက်။ #ဧရာဝတီတိုင်း၊ #ပန်းတနော်မြို့နယ်ရှိ မြစ်​ကူးတံတားကို ယ​နေ့ (ဩဂုတ်​လ ၅ရက်​​နေ့) နံနက်​ပိုင်းတွင် သဘောင်္တစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ကြောင်းသတင်းရသည်။ နံနက် ၄ နာရီအချိန်လောက်တွင် မြစ်ကူးတံတား၏ အလည်တည့်တည့်သို့ သ​င်္ဘောက ဝင်​တိုက်​သွားခဲ့ခြင်ြး​ဖစ်​ပြီး သ​င်္ဘောဝင်​တိုက်​ မိ​​သော အရှိန်​​ကြောင့်​ တံတားကြီးရဲ့​ဘေးအကာ လက်​ရန်း​ဘောင်​​ကြေမွပျက်​စီး​ခဲ့ရ​ကြောင်း သိရသည်​။ "ပန်းတ​နော်​မြို့ရဲ့ ကဏ္ဍစုံဖွံ့ဖြိုးတက်​​နေတာ​တွေကို ဒီတံတားကြီးက အ​ထောက်​အကူပြု​နေတာဖြစ်​ပါတယ်​။ ပျက်​စီးကျိုးပဲ့သွားတဲ့ အ​ပေါ်ပိုင်းကိုမြင်​​တွေ့ရ​ပေမဲ့​ရေတက်​ချိန်​​ရောက်​​နေတာ​ကြောင့်​ တံတားရဲ့​အောက်​ပိုင်း​တွေကို​တော့ မမြင်​ရလို့မခန့်​မှန်းတတ်​ဘူး"လို့ ပန်းတ​​နော်​မြို့ခံကိုမြတ်​သူရက ဧရာဝတီတိုင်းမ်​ သို့​ပြောသည်​။ တံတားထိခိုက်​မှု ရှိခဲ့​ပေမယ့်​ လက်​ရှိအ​ခြေအ​နေမှာ​တော့ တားမြင့်​ပိတ်​ပင်​ထားတာမရှိပဲ ယခင်​ကကဲ့သို့အများပြည်​သူ​တွေ ၊ဆိုင်​ကယ်​​တွေ၊ကား​တွေပုံမ...

တရားရုံးမှပြုံးရွှင်စွာပြန်လည်ထွက်ခွာလာတဲ့ အဆိုတော်အစ္စဏီ

Image
အမှုမှလွတ်မြောက်သွားတဲ့အတွက်တရားရုံးမှပြုံးရွှင်စွာပြန်လည်ထွက်ခွာလာတဲ့ အဆိုတော်အစ္စဏီ 🔹🔷🔹🔷🔹🔷🔹🔷🔹🔷🔹🔷🔹🔷🔹🔷 #5.8.2019 `ကျွန်တော်သီချင်းတွေအများကြီးပြန်လုပ်သွားမယ်.အခုချိန်ထိမမေ့ကျသေးတဲ့ပရိသတ်တွေအတွက် ကျွန်တော်ပြန်လာပါပြီ´ လို့ရုံးချိန်းအပြီးမှာပြောခဲ့တဲ့ အစ္စဏီ #CG #CeleGabar