ပန်းတနော် မြစ်ကူးတံတား သဘောင်္ဖြင့် ဝင်တိုက်ခံရပြီး
ပန်းတနော် မြစ်ကူးတံတား သဘောင်္ဖြင့်
ဝင်တိုက်ခံရပြီး တံတားဘောင်တစ်ချို့ပျက်စီး
❎❎❎❎❎❎❎❎❎❎❎❎❎❎❎❎
ဘကျော်/ဧရာဝတီတိုင်းမ်
#ပန်းတနော်၊ ဩဂုတ် ၅ ရက်။
#ဧရာဝတီတိုင်း၊
#ပန်းတနော်မြို့နယ်ရှိ မြစ်ကူးတံတားကို ယနေ့ (ဩဂုတ်လ ၅ရက်နေ့)
နံနက်ပိုင်းတွင် သဘောင်္တစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ကြောင်းသတင်းရသည်။
နံနက် ၄ နာရီအချိန်လောက်တွင် မြစ်ကူးတံတား၏ အလည်တည့်တည့်သို့ သင်္ဘောက ဝင်တိုက်သွားခဲ့ခြင်းဖြစ်ပြီး သင်္ဘောဝင်တိုက် မိသော အရှိန်ကြောင့် တံတားကြီးရဲ့ဘေးအကာ လက်ရန်းဘောင်ကြေမွပျက်စီးခဲ့ရကြောင်း သိရသည်။
"ပန်းတနော်မြို့ရဲ့ ကဏ္ဍစုံဖွံ့ဖြိုးတက်နေတာတွေကို ဒီတံတားကြီးက အထောက်အကူပြုနေတာဖြစ်ပါတယ်။ ပျက်စီးကျိုးပဲ့သွားတဲ့ အပေါ်ပိုင်းကိုမြင်တွေ့ရပေမဲ့ရေတက်ချိန်ရောက်နေတာကြောင့် တံတားရဲ့အောက်ပိုင်းတွေကိုတော့ မမြင်ရလို့မခန့်မှန်းတတ်ဘူး"လို့ ပန်းတနော်မြို့ခံကိုမြတ်သူရက ဧရာဝတီတိုင်းမ် သို့ပြောသည်။
တံတားထိခိုက်မှု ရှိခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့ တားမြင့်ပိတ်ပင်ထားတာမရှိပဲ ယခင်ကကဲ့သို့အများပြည်သူတွေ ၊ဆိုင်ကယ်တွေ၊ကားတွေပုံမှန် အတိုင်းမြစ်ကူး တံတားကြီးပေါ်ကနေသွားလာလျှက်ရှိကြောင်းလဲသိရသည်။
အမည်မသိသဘောင်္တစ်စင်းမှ ပန်းတနော်မြစ်ကူးတံတားအား ဝင်တိုင်မှုဖြစ်စဉ်ကို ပန်းတနော် မြို့မရဲစခန်းမှ တာဝန်ရှိသူများမှ ဖမ်းစီးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း ပန်းတနော်မြို့မရဲစခန်းမှသိရသည်။
#Ayeyarwaddy_Times
ဓာတ်ပုံ - ဘကျော် (ပန်းတနော်)

Comments
Post a Comment