ထန်းတပင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့်
ထန်းတပင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်း (၂)ကျောင်း ကို ယာယီပိတ်ထားရ
♒♒♒♒♒♒♒♒☔☔☔☔☔☔☔☔
#ထန်းတပင် ဩဂုတ် ၅
#ရန်ကုန်မြောက်ပိုင်းခရိုင်၊
#ထန်းတပင်မြို့နယ်၌ မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ထူးကဲဒီရေမြင့် တက်လာမှု အခြေအနေများကြောင့် ထန်းတပင်မြို့နယ်အတွင်းရှိ အ-မ-က(ကဇန်း) ကျောင်းကို ဩဂုတ်လ ၁ ရက်နေ့တွင်လည်းကောင်း၊ အ-မ-က (သစ်စိမ့်-၂) အခြေခံပညာကျောင်းကို ဩဂုတ် ၅ ရက်နေ့တွင် လည်းကောင်း ယာယီ ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် ထူးကဲဒီရေမြင့်တက်လာမှု အခြေအနေများကြောင့် အ-မ-က (သစ်စိမ့်-၂) တွင် ကျောင်းဝန်းအတွင်းနှင့် စာသင်ခန်းမဆောင်အတွင်းသို့ ရေဝင်ရောက်မှု အခြေအနေများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ကျောင်းပိတ်ရက် (၂) ရက်ကို ယာယီပိတ်ထားပေးမည်ဖြစ်ကြောင်းနှင့် အ-မ-က(ကဇန်း) ကျောင်းကို ဩဂုတ်လ (၁)ရက် နေမှ(၃)ရက်နေ့ထိ ယာယီပိတ်ထားခဲ့သော်လည်း ဩဂုတ်လ (၅)ရက်နေ့ အထိကျောင်း ပြန်လည် မဖွင့်နိုင်သေးကြောင်း သိရသည်။
အဆိုပါ ယာယီပိတ်ထားသော ကျောင်းများရှိကျောင်းသားကျောင်းသူများ ကျောင်း သင်ခန်းစာများ နောက်ကျမှု မရှိစေရေး အတွက် စနေနေ့ပိတ်ရက်များတွင် အစားထိုးကာ ပြန်လည်၍ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ုမြို့နယ်(ပြန်/ဆက်)
#IPRD_Htantabin

Comments
Post a Comment