ကော့သောင်းမြို့တွင်ညသန်းခေါင်ယံအချိန် ဓားထောက် အနုကြမ်းစီး

ကော့သောင်းမြို့တွင်ညသန်းခေါင်ယံအချိန် ဓားထောက် အနုကြမ်းစီး လုယက်မှုဖြစ်ပွား
❎❎❎❎❎❎❎❎❎❎❎❎❎❎❎❎
#ကော့သောင်း  ဩဂုတ် ၅

#တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့  ဆယ်မိုင်ကျေးရွာ ရှိ (၃)ထပ်တိုက် တစ်ဆောင်တွင် ယမန်နေ့ ညသန်းခေါင်ယံအချိန် က အိမ်အတွင်းသို့ဝင်ရောက် ဓားထောက် အနုကြမ်းစီး လုယက်မှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါနေ့ ဩဂုတ် ၄ ရက် သန်းခေါင်ကျော် ၁ နာရီခန့်တွင် ဆယ်မိုင်ကျေးရွာ ဗိုလ်ချုပ်လမ်း ၊  ဦးအောင်စိုး (၆၆)နှစ် သည်နေအိမ်၌ အိပ်ပျော်နေစဉ် အမည်မသိ (လူမြင်မှတ်မိ)သူ တစ်ဦး အိမ်း၏ တံခါးမကြီးကို သော့တူဖြင့် ဖွင့်၍ အိမ်အပေါ် ထပ်သို့ တက်ရောက်လာပြီး ဓားဖြင့်ထောက်ကာ အိမ်ရှင် ဦးအောင်စိုး၏  လည်ပင်းနှင့်လက်အား ကြိုးဖြင့် ချည်နှောင်၍ အိပ်ယာဘေးတွင် အသင့်တွေ့ရှိ သည့် ငွေကျပ် သိန်း ၂၀ ကိုယူပြီး ဓားထောက်ခြိမ်းခြောက်ကာ မီးခံသေတ္တာ သော့တောင်း၍  မီးခံသေတ္တာအတွင်းမှ အတွင်းပစ္စည်း ရွှေငွေနှင့် လက်ဝတ် ရတနာပစ္စည်း  စုစုပေါင်းကာလတန်ဘိုး (၅၈၃)သိန်း ခန့်အားအနုကြမ်းစီး လုယက်ခံရခြင်းဖြစ်ကြောင်းသိရသည်။`
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကော့သောင်းမြို့နယ်  ရဲတပ်ဖွဲ့စခန်းမှ ထွက်ပြေး လွှတ်မြောက် နေသည့် အနုကြမ်းစီးသူ (အမည်မသိ) တရားခံအားအမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
 ကျော်စိုး (ကော့သောင်း)
#Myanmaalinn





Comments