သန်းခေါင်ကျော်အချိန် မော်တော်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက် သုံးဦးစိုးရိမ်ရ

🚚🚚🚚🚚🚚🚚🚚🚚❌❌❌❌❌❌❌❌
#ကျောင်းကုန်း ဩဂုတ် ၃
#ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ကွမ်းခြံကုန်းအုပ်စု၊မီးသွေးတိုက်ကျေးရွာအနီးတွင် ယနေ့ နံနက် ၂ နာရီခန့်က အရှိန်လွန်မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တရားလို ဒုရဲအုပ်မြတ်စိုးသည် ကျောင်းကုန်းမြို့မရဲစခန်း၌ တာဝန်မှူးတာဝန်ဆောင်ရွက်နေစဉ် ယာဉ်တစ်စီးတိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ချစ်ဦး မောင်းနှင်ပြီး၊ ယာဉ်ပေါ်တွင် ခရီးသည်
(၇)ဦး လိုက်ပါလာသော ဖြူ/စိမ်းမော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်တွင်ကန့်လန့်လဲကျတိမ်းမှောက်ခဲ့ကာ (၃)ဦးမှာ စိုးရိမ်ရပြီး၊ ကျန်(၄)ဦးမှာ မစိုးရိမ်ရသည့်ဏ်ရာများ အသီးသီးရရှိသွားကြသဖြင့် လူကိုထိခိုက်နာကျင်စေသူ ယာဉ်မောင်းအား ကျောင်းကုန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းကျောင်းကုန်းမြို့မရဲစခန်းက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
#Myanmaalinn

Comments
Post a Comment