ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံဒေသကို သမ္မတ ဦးဝင်းမြင့် နဲ့ဇနီး သွားရောက်

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံဒေသကို သမ္မတ ဦးဝင်းမြင့် နဲ့ဇနီး သွားရောက်



✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
#3.8.2019

#နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ဇနီးဒေါ်ချိုချိုတို့ဟာ ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် ယူနက်စကိုက သတ်မှတ်ပြီးနောက် ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ သြဂုတ်လ(၂)ရက် ညနေပိုင်းက ပုဂံဒေသကို ရောက်ရှိခဲ့တာဖြစ်ပြီး ပုဂံနန်းမြင့်မျှော်စင်ကို သွားရောက်ကာ ပုဂံအလှရှုမျှော်ခင်းတွေကို ကြည့်ရှုခဲ့ပါတယ်။ သြဂုတ်လ(၃)ရက် မနက်ပိုင်းမှာ ရွှေစည်းခုံ၊ တန့်ကြည်တောင်၊ လောကနန္ဒာ၊ တုရင်တောင်စတဲ့ စွယ်တော်လေးဆူ ကို သွားရောက် ဖူးမျှော်ခဲ့ပါတယ်။ ဒါ့ပြင် အလိုတော်ပြည့်ဘုရား၊ အာနန္ဒာ၊ ဓမ္မရံကြီး၊ သဗ္ဗေညုဘုရားတွေကို လှည့်လည်ဖူးမျှော် ခဲ့ပြီး ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို လေ့လာကြည့်ရှုခဲ့ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ဇနီးတို့ဟာ ပုဂံဘုရားတွေကို ကမ္ဘာ့အဆင့်မီ လာရောက်ပြုပြင်ထိန်းသိမ်းပေးနေတဲ့အဖွဲ့အစည်းအချို့နဲ့လည်း
တွေ့ဆုံခဲ့ပါသေးတယ်။

သတင်း - ကိုဇင်
#5Plus_News

Comments