မြိတ်လေဆိပ်တွင် မြန်မာ့အမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး လေကာမှန် အက်ကွဲ၍ ရပ်နားထားရ

မြိတ်လေဆိပ်တွင် မြန်မာ့အမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး လေကာမှန် အက်ကွဲ၍ ရပ်နားထားရ


✈✈✈✈✈✈✈✈✈✈✈✈❌❌❌❌❌❌❌❌
#မြိတ်၊ ဩဂုတ် (၃)

#မြိတ်လေဆိပ်၌ မြန်မာ့
#အမျိုးသား လေကြောင်းလိုင်းမှ MNA မှ လေယာဉ် တစ်စီးသည်၊ ဒီကနေ့ နံနက် ၈ နာရီ ၅၀ မီနှစ် အချိန်တွင် လေယာဉ် ဦးခေါင်းပိုင်း၏ အရှေ့ဘက် ညာမှန် အက်ကွဲ၍ ရပ်နားထား ရကြောင်း သိရ သည်။

MNA TR- 72 အမှတ် XY- AMJ လေယာဉ်ပေါ်တွင် ခရီးစဉ် အမှတ် UB 337/338 သည်၊ ရန်ကုန်- မြိတ်နှင့် ဘုတ်ပြင်းသို့ ခရီးစဉ် ပျံသန်း ပြေးဆွဲစဉ် သြဂုတ်လ ၃ ရက်နေ့ နံနက် ၈နာရိ ၅၀ မိနစ် အချိန်က မြိတ်လေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ် အရှေ့ယာဘက် လေကာမှန် အက်ကွဲနေခြင်းကြောင့် ရပ်နား လိုက်ရကြောင်း သိရ သည်။

အဆိုပါ လေယာဉ် ခရီးစဉ်တွင် ကပ္ပတန် နေမျိုးထွဋ် ပါ ၅ ဦး၊ လုံခြုံရေး ဒုရဲအုပ် တိုးဝေကျော် အပါ နှစ်ဦး၊ ခရီးသည် ကျား ၇ ဦး၊ မ
၆ ဦး ခရီးသည် စုစုပေါင်း ၁၃ ဦး စီးနင်း လိုက်ပါလာ ကြောင်း သိရ သည်။

လည်းကောင်း လေယာဉ်မှန် အက်ကွဲခြင်းကြောင်း အမှုထမ်းများ အပါဝင် ခရီးသည်များ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါ XY-AMJ လေယာဉ်မှာ မြိတ်လေဆိပ်တွင် ညအိပ်ရပ် နားရမည် ဖြစ်ကြောင်းနှင့် လေယာဉ်မှန် အက်ကွဲရခြင်းမှာ မိုးလေဝသ အခြေနေနှင့် လေဖိအားကြောင့် ဖြစ်ကြောင်း တာဝန်ရှိသူက ပြောဆို သည်။
#SouthernerTVNews
#STV

Comments