ကာမိုင်း-လဝါးပူးပေါင်းစစ်ဆေးရေးဂိတ်တွင်

ကာမိုင်း-လဝါးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းမိ
🚗🚗🚗🚗🚗🚗🚗🚗❌❌❌❌❌❌❌❌




EPN
ကာမိုင်း၊ သြဂုတ် ၅

ကာမိုင်း-လဝါး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့နေ့လည်ပိုင်းက ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိကြောင်း ကာမိုင်းနယ်မြေရဲစခန်းမှ သိရသည်။

ကချင်ပြည်နယ် ဖါးကန့်မြို့နယ် ကာမိုင်း-လဝါး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ် (၅)ရက် နေ့လည် (၂)နာရီအချိန်ခန့်က ဖါးကန့်မြို့နယ် လယ်ပြင်ပူးပေါင်း စစ်ဆေးရေးဂိတ်မှ ယာဉ်အမှတ် 4H-**** Honda၊ ခဲရောင်တစ်စီးမှာ လယ်ပြင်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံယူခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားကြောင်း လဝါး ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သတင်းပို့သဖြင့် သတင်းအရ စောင့်ဆိုင်းပြီး ယာဉ်စစ်ဆေးရေး ဆောင်ရွက်နေစဉ် ဖားကန့်မှ မန္တလေးသို့ ဟိုပင်မြို့ မြသာယာရပ်ကွက်နေ ဥက္ကာ၊ (၂၆)နှစ်၊ မောင်းနှင်လာသော ယာဉ်အမှတ် 4H-**** Honda၊ ခဲရောင်(လိုင်စင်စိစစ်ဆဲ)ဂိတ်သို့ ရောက်ရှိ၍ စစ်ဆေးရာ ယာဉ်၏ ခြေနင်းခုံ အပေါက်အတွင်းမှ တိတ်အဝါများ တွေ့ရှိရသဖြင့် ရဲစခန်းသို့ မောင်းနှင်ပြီး ပူးပေါင်းအဖွဲ့နှင့် သက်သေများရှေ့ စစ်ဆေးရှာဖွေရာ ကားဘေးဝဲယာ ခြေနင်းခုံအတွင်းမှ လျှိုဝှက် သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ(၃၃)လုံး၊ အလေးချိန်(၄ဝ)ကီလို ဂရမ်ခန့်တွေ့ရှိသိမ်းဆည်းရခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ကားမိုင်း နယ်မြေရဲစခန်းမှ ဥက္ကာကို (ပ)၁၇/၂၀၁၉ (ဂ) ပုဒ်မ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ချိုမောင်

Comments