YBS နှစ်​စီးပြိုင်​​မောင်းရာမှက​လေးငယ်​တဦးအားတိုက်​မိပြီးနှစ်​ရက်​အကြာမှာက​လေးငယ်​​သေဆုံး

မေ န့ က နာရေးတစ်ခု လိုက်ပို့ ဖြစ်တယ်..
ဇူ လိုင် (၁)ရက်နေ့ ညနေ၅နာရီလောက် က အင်းစိန်ပေါက်တောဝ အနီး ညောင်ပင်မှတ်တိုင်နား မှာ YBS နှစ်စီးပြိုင်မောင်းရာကနေ တစ် စီးက ကျနော့် ငယ်သူငယ်ချင်း ရဲ့  ၃နှစ်နဲ့ ၆လအရွယ်သားလေးကို တိုက်မိသွားတာပါ။
ကေ လး က ခေါင်းမှာဒဏ်ရာအပြင်းအထန်ရပြီး မြောက်ဥဣလာဆေးရုံရဲ့  ဦးနှောက်နဲ့ အာရုံကြောဌာနမှာ အတွင်းလူနာအနေနဲ့ တက်ရောက်ကုသရင်း နှစ်ရက်အကြာမှာ ဆုံးပါးသွားပါတယ်။စတင်ဖြစ်ပွားတဲ့ အချိန်ကစပြီး ကွယ်လွန်တဲ့အချိန်အထိ ကလေးက သတိပြန်လည် မလာခဲ့ပါဘူး။
သေ ဆုံး သူ မောင်ကောင်းခန့် ရှိန်းရဲ့မိခင်က ယာဉ်တိုက်မှုဖြစ်ပွားရာ အနီး က အင်စိန်မြို့ သစ်ဈေးမှာ လက်ဖက် နဲ့ အကြော်စုံ ရောင်းတာပါ။အခင်းဖြစ်ပွားတဲ့ နေ့  ညနေမှာ ဈေးထဲကိုရောက်လာတဲ့ အိမ်နီးချင်းဖြစ်သူ မအေးမွန် နဲ့ မောင်ကောင်းခန့်ရှိန်း က အိမ်ကိုပြန်လိုက် သွားပါတယ်။
ဈေး ထဲ ကပြန်အထွက် အင်းစိန်မြို့ သစ်(က-၄)လမ်းက စတိုးဆိုင်မှာ ကလေးအတွက် မအေးမွန် မုန့့် ဝင်ဝယ်တဲ့ အချိန်မှာ ခု ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ။YBS-61ယာဉ်လိုင်းက ယာဉ်တိုက်မှုကျုးလွန်ခဲ့တဲ့ 3P-2997 ရဲ့ ယာဉ်မောင်းဟာ အခင်းဖြစ်ပွားပြီး ယာဉ်ကို မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။
ယာဉ် တိုက် မှုဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာအမျိုးသမီးတစ်ဦး အငှားယာဉ်နဲ့  ရောက်လာပြီး မအေးမွန် နဲ့ ဒဏ်ရာ အပြင်းထန်ရနေတဲ့ မောင်ကောင်းခန့် ရှိန်းကို သမိုင်းမြို့ နယ်ထဲ က ဆေးခန်းတစ်ခုကို လိုက်ပို့ ပါတယ်။
ဆေးခန်းသွားတဲ့လမ်း(ကြို့ကုန်းမှတ်တိုင်အနီး)မှာ ထွက်ပြေးသွားတဲ့ YBS -61ရဲ့ 3P-2997ကို လူတွေက ၀ိုင်းဖမ်းထားတာ မအေးမွန်တွေ့ ခဲ့ပါတယ်(အဲ့ဒီအချိန်ထိ ကလေးရဲ့ မိဘတွေနဲ့  မအေးမွန် အဆက်သွယ်မရသေးပါဘူး)
သမိုင်းမြို့ နယ်ထဲ က ဆေးခန်းအရောက်မှာ လိုက်လံ ပို့ ဆောင်ပေးတဲ့ အမျိုးသမီး က ဆေးခန်းအိမ်သာထဲကို သတိလစ်မေ့မြောနေတဲ့ မောင်ကောင်းခန့် ရှိန်းကို ချီသွားပြီးအိမ်သာရေများနဲ့ မျက်နှာကိုပက်ပေမယ့် ကလေးက သတိလည်မလာခဲ့သလို ဆေးခန်းကလည်း လက်မခံခဲ့ပါဘူး(နောက်ပိုင်းသိရှိချက်အရ ထိုအမျိုးသမီးဟာ ယာဉ်တိုက်မှုကျုးလွန်ခဲ့တဲ့ ယာဉ်မောင်းရဲ့ အမျိုးသမီးဖြစ်နေပါတယ်)
အင်စိန်ဆေးရုံအပို့ မှာတော့ မောင်ကောင်းခန့် ရှိန့်း မိဘတွေနဲ့  မအေးမွန် အဆက်သွယ်ရပါပြီ။ဒဏ်ရာပြင်းထန်တဲ့အတွက် မြောက်ဥဣလာဆေးရုံရဲ့  ဦးနှောက်နဲ့ အာရုံကြောဌာနကို ဇူလိုင်(၁)ရက်နေ့ ညနေမှာပဲ တင်ပို့ ခဲ့ပြီး ရရှိထားတဲ့ ပြင်းထန်ဒဏ်ရာများကြောင့် 3.7.2019မနက် 3:07မိနှစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ ယာဉ်မောင်းကို ဖမ်းဆီးပြီးဖြစ်တယ်လို့  ရဲတပ်ဖွဲ့ ရဲ့ ပြောကြားချက်အရသိရပါတယ်။
ကွယ်လွန်သူ မောင်ကောင်းခန့် ရှိန်း ရဲ့ မိဘတွေအနေနဲ့  လည်း ယာဉ်တိုက်မှုဖြစ်ပွားရာမှာ ထွက်ပြေးတိမ်းရှောင်ဖို့  အားပေးကူညီခဲ့တဲ့ ယာဉ်မောင်းရဲ့  ဇနီးဖြစ်သူကိုလည်း တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။
(1.7.2019ရက်နေ့  ညနေ(၄)နာရီခန့် ကလှိုင်သာယာကနေ ထွက်ခွာလာတဲ့ YBS-61 ယာဉ်နံပါတ်(3P-2997)ပေါ်မှာစီးနှင်းလိုက်ပါလာတဲ့ ခရီးသည်တွေ အနေနဲ့ လည်း ပူပေါင်းကူညီပေးဖို့  လေးစားစွာ တင်ပြအပ်ပါသည်)
09799743673 ကိုဇော်မျိုးညွန့် (ကွယ်လွန်သူ ၏ ဖခင်)09441545238 မအေးမွန်

Htun Kyaw FB



Comments