တောင်ကြီးမြို့မဈေးကြီးအတွင်း ရောင်းချနေသည့် ပဲပြားနှင့်ပဲသွေးခဲတို့တွင် ဖော်မလင် (ကြာရှည်ခံဆေး)ပါဝင်မှု FDA စစ်ဆေးတွေ့ရှိ

တောင်ကြီးမြို့မဈေးကြီးအတွင်း ရောင်းချနေသည့် ပဲပြားနှင့်ပဲသွေးခဲတို့တွင် ဖော်မလင် (ကြာရှည်ခံဆေး)ပါဝင်မှု FDA စစ်ဆေးတွေ့ရှိ

❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌
#တောင်ကြီး ၊ ဇူလိုင် ၁၈

 တောင်ကြီးမြို့ ၊ မြို့မဈေးကြီးအတွင်း ဈေးသည်အချို့ ရောင်းချနေတဲ့  ပဲပြား နဲ့ပဲသွေးခဲတို့မှာ ဖော်မလင် (ကြာရှည်ခံဆေး)  ပါဝင်နေတာကို  စစ်ဆေးတွေ့ရှိထားတယ်လို့  FDA  ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ  လက်ထောက်ညွန်ကြားရေးမှူး  ဒေါက်တာ အောင်စိုးမင်း က ပြောပါတယ်။
    ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန ကနေ ဦးဆောင်ပြီးတော့ မိုဘိုင်းရွှေ့လျား ဓာတ်ခွဲခန်း ယာဉ်နဲ့  ဇူလိုင် ၁၇ ရက်နေ့က   တောင်ကြီးမြို့မဈေးကြီးအတွင်းရှိ အစားအသောက်နဲ့ အလှကုန်ဆိုင်ရောင်းချနေတဲ့  ၁၄ ဆိုင်ကို ဈေးကွက်နမူနာ ကောက်ယူ၍  စစ်ဆေးခဲ့စဉ်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေါက်တာအောင်စိုးမင်း ကပြောပါတယ်။
       “   ဈေးကွက်ထဲမှာ ရှိတဲ့ အစားအသောက်၊ အလှကုန်တို့ကို အရည်အသွေး ပြည့်မီလား၊ ဘေးအန္တရာယ် ကင်းရှင်းလား  ဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်၊   သရက်ချဉ်ထဲမှာ  ခွင့်မပြုတဲ့ ဆိုးဆေးပါတာရယ်၊ ပဲပြားနဲ့ ပဲသွေးမှာ တာရှည်ခံတဲ့ ဖော်မလင်းပါတွေကို စစ်ဆေး တွေရှိ့ခဲ့ပါတယ် “ လို့ ဒေါက်တာအောင်စိုးမင်း ကပြောပါတယ်။
 မိုဘိုင်းဓာတ်ခွဲခန်းယာဉ်နဲ့ ချက်ခြင်း အဖြေထုတ် တွေ့ရှိခဲ့တဲ့ စားသုံးရန် မသင့် တဲ့ ပဲပြား၊ ပဲသွေးခဲ၊ ခွင့်ပြုချက်မရှိတဲ့ ဆိုးဆေး ပါ့ သရက်ချဉ်တို့ကို   မြို့နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုကော်မတီ ဆုံး ဖြတ်ချက်နဲဖျက်စီးခဲ့တယ်လို့လည်း  ဒေါက်တာအောင်စိုးမင်း က ပြောပါတယ်။
   “  ဆက်မရောင်းဖို့ကိုလည်း ဒီဈေးသည်တွေကို ခေါ်ပြောပြီးပြီ၊ နောင်ထပ်တွေ့ရင်လည်း အရေးယူခံရမှာပါ “ လို့ တောင်ကြီးမြို့မဈေးကြီး တာဝန်ခံ ဦးခင်အေး ကပြောပါတယ်။
   ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနမှ  မိုဘိုင်းရွှေ့လျား ဓာတ်ခွဲခန်း ယာဉ်ဖြင့် အစားအသောက် ၁၂ မျိုး၊ အလှကုန်  ၃ မျိုးတို့ကို ဓာတ်ခွဲ စစ်ဆေးနိုင်ခဲ့တယ်လို့လည်း ဒေါက်တာအောင်စိုးမင်း ကပြောပါတယ်။
        ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနမှ ဈေးကွက်စုံစမ်းထောက်လှမ်း စစ်ဆေးခြင်း လုပ်ငန်းတွေကို  လစဉ် စီမံချက်ရေးဆွဲပြီး ဈေးကွက်အတွင်း စစ်ဆေးပေးလျက်ရှိတယ်လို့လည်း ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနမှ သိရပါတယ်။
 သတင်း-ခွန်ဆာ (ရွှေတြိဂံ)
ရွှေတြိဂံသတင်းNews

Comments