မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် သတင်းများ(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့)

မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် သတင်းများ(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့)


❎❎❎❎❎❎❎❎❎❎❎❎❎❎❎❎

#တောင်ကြီးမြို့နယ်၌ စိတ်ကြွဆေးပြား ၇၈၀၀ ပြား ဖမ်းဆီးရမိမှု
 ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ ၁၈၃၀ အချိန် တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကြီးမြို့နယ်၊ နောင်ပယ်တံတားအနီး တောင်ကြီး-မိုင်းပျဉ်းကားလမ်း၌ ဒေါ်နန်းမြ(၄၈)နှစ် မောင်းနှင်လာသော YGN 2K/×××× SURF ယာဉ်အားစစ်ဆေးရာ ယာဉ်ရှေ့အင်ဂျင်ခန်းအတွင်း အင်္ကျီဖြင့်ထုပ်လျက် WY စိတ်ကြွဆေးပြား ၇၈၀၀ ပြား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်နန်းမြ(၄၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

#တောင်ကုတ်မြို့၌ စိတ်ကြွဆေးပြား ၅၁၅ ပြား ဖမ်းဆီးရမိမှု
 ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ ၁၃၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၄၇)(စစ်တွေ)မှ တပ်ဖွဲ့ဝင်များနှင့် တောင်ကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်နေ မကြည်ကြည်မြင့်(၄၁)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်အောက်ထပ် အိပ်ရာခေါင်းအုံးဘေးမှ WY စိတ်ကြွဆေးပြား ၅၁၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မကြည်ကြည်မြင့်(၄၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

#ကသာမြို့နယ်၌ ဘိန်းဖြူ ၃၃၀ ဂရမ် ဖမ်းဆီးရမိမှု
 ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ ၁၀၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့သည် သတင်းအရ ကသာမြို့နယ်၊ ကသာ-အင်းတော်ကားလမ်း မိုင်တိုင် (၉)အနီး၌ ကံကောင်း(ခ)ဇော်မင်း(၂၃)နှစ်မောင်းနှင်လာသည့် ဆိုင်ကယ်အားစစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံနောက်တွင် တင်ဆောင်လာသော ခရီးဆောင်အိတ်အတွင်းမှ ဆပ်ပြာခွက် ၃၃ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃၃၀ ဂရမ် တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကံကောင်း(ခ)ဇော်မင်း(၂၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။


Comments