ဗစ်တိုးရီးယား အတွက် တရားမျှတမှု ရှာဖွေပေးရေး မုံရွာတွင် လူထောင်ချီ ဆန္ဒထုတ်ဖော်

============================================
မုံရွာ၊ဇူလိုင်-၉
နေပြည်တော် ရှိ Wisdom Hill မူကြိုကျောင်းမှ အသက် ၃နှစ်ခန့် အရွယ် မိန်းကလေး တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရမှုအပေါ် တရားမျှတမှု ရှာဖွေပေးရေး မုံရွာမြို့ခံ လူ ထောင်ချီကာ ယနေ့နံနက်ပိုင်းတွင် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြ တောင်းဆိုသူများသည် မုံရွာမြို့ တော်ခန်းမရှေ့ စုရပ်မှ တဆင့် သာစည်လမ်း၊ပေ ၈၀ လမ်း၊ကျောက္ကာလမ်း၊ ဗိုလ်ချုပ်လမ်းမ တို့အတိုင်း နံနက် ၈ နာရီ မှ ၁၁ နာရီအထိ လှည့်လည်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
၎င်းတို့သည် မတရားပြုကျင့်ခံရသော ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာဖွေပေးရေး၊ ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံသောပတ်ဝန်းကျင် ဖန်တီးပေးရေး ၊နောက်ထပ်ဗစ်တိုးရီးယားများ အလိုမရှိ ဟု ကြွေးကြော်တောင်းဆိုခဲ့သည်။
၎င်းလှုပ်ရှားမှုကို “အဖြူရောင် လှုပ်ရှားမှု “ မြို့ခံများက လူမှုကွန်ရက်တွင် အမည်ပေးခဲ့ကြသည်။
#မုံရွာဂေဇက် #Justiceforvictoria #အဖြူရောင်လှုပ်ရှားမှု

Comments
Post a Comment