သမီးကို မုဒိမ်းကျင့်သူ သုံးဦးကို ဓါး နဲ့ထိုးသတ်တဲ့ မိခင် အမှုမှ ကွင်းလုံးကျွတ်လွတ်…!

သမီးကို မုဒိမ်းကျင့်သူ သုံးဦးကို ဓါး နဲ့ထိုးသတ်တဲ့ မိခင် အမှုမှ ကွင်းလုံးကျွတ်လွတ်…!


သူမရဲ့ သမီး ကို အဆိုပါ သုံးဦးက မုဒိန်းကျင့် နေချိန် ယခုလိုတစ်ဟုန်ထိုး တိုက်ခိုက်ခဲ့တာဖြစ်ပြီး “ ခြင်္သေ့ မေမေ ” လို့ တောင်အာဖရိကနိုင်ငံတစ်ဝှန်း အင်တာနက်သုံးစွဲသူများက ခေါ်ဆိုကြပါတယ်။သူမကို တရားစီရင်နေစဉ်အတွင်း ပြစ်ဒဏ်ချမှတ်လိုက်ပါက လူထုရဲ့ ဒေါသပေါက်ကွဲတဲ့ဖိအားနဲ့ ကြုံတွေ့မယ့် အလားအလာများရှိနေခဲ့ပြီး၊ Lady Frere Magistrates တရားရုံးရှေ့မှာလည်း စုရုံးဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ၊ နောက်ဆုံးအားဖြင့် အခုလိုဆုံးဖြတ်ချက်ကို အများပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။

သမီးကို မုဒိန်းကျင့် သူ သုံးဦးအနက် တစ်ဦး ကို အသေ၊ နှစ်ဦး ဒဏ်ရာရအောင် ဓားဖြင့်ထိုးသည့် အမျိုးသမီး အမှု မှ ကွင်းလုံးကျွတ်လွတ်။လူတစ်ဦး ကို ဓားဖြင့် အသေထိုးသတ်ပြီး ကျန်နှစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာ ရရှိသည်အထိ တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်အာဖရိကနိုင်ငံ၊ အများပြည်သူတရားရုံးက လူသတ်မှုမှ ကင်းလွတ်ခွင့် ပေးလိုက်ကြောင်း သိရပါတယ်။

တောင်အာဖရိကနိုင်ငံ ကိတ်ပ်အရှေ့ပိုင်းမှ၊ ကမ်ဘူးရွာ အိမ်အလွတ်တစ်လုံးမှာ သူမရဲ့ သမီး ကို လူသုံးဦးက မုဒိန်းကျင့်နေခဲ့တာ ဖြစ်ပါတယ်။စက်တင်ဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်စဉ်အတွင်း သမီး ဖြစ်သူ အန္တရာယ်ကျရောက်နေပြီလို့ သိသိရခြင်း၃ ကီလိုမီတာ ခရီးကို မီးဖိုချောင်သုံး ဓားကိုဆွဲလျက် အပြေးသွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ကြားရသူအပေါင်း အံ့အားသင့်ခဲ့ပါတယ်။ကြောက်မက်ဖွယ် တိုက်ခိုက်မှု များ အပြီး အသက် ၂၇ နှစ်အရွယ် သမီးဖြစ်သူကို နှစ်သိမ့်ပေးလျက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို စောင့်ဆိုင်းနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တောင်အာဖရိက အမျိုးသား ပြစ်မှု ဥပေဒ ဆိုင်ရာ အာဏာပိုင် များက သမီး ဖြစ်သူရဲ့ အိနြေ္ဒ သိက္ခာကို ကာကွယ်ရန်အလို့ငှာ ကျူးလွန်ခဲ့တာဖြစ်လို့ လူသတ်မှု ဆိုတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။အမျိုးသမီး ရဲ့ အမည်ရင်းကိုတော့ ဖော်ထုတ်ခြင်းမပြုဘဲ တရားခံသုံးဦး အနက် Xolisa Siyeka ကတော့ အခင်းဖြစ်ပွားစဉ်မှာပင် ဓား ဒဏ်ရာ နဲ့ သေဆုံးခဲ့ရပြီး Mncedisi Vuba နဲ့ Zamile Siyeka တို့ကတော့ ဒဏ်ရာ ကုသမှုခံယူအပြီး၊ မုဒိန်းမှုနဲ့ ဆက်လက်တရားရင်ဆိုင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။Credit: best myanmar new

Comments