တရုတ်တွင် ဂက်စ်စက်ရုံပေါက်ကွဲ၊ အနည်းဆုံး (၁၅) ဦးသေ

တရုတ်တွင် ဂက်စ်စက်ရုံပေါက်ကွဲ၊ အနည်းဆုံး (၁၅) ဦးသေ

💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢
#ဟယ်နန် ၊ ဇူလိုင် ၂၁

#တရုတ်အလယ်ပိုင်း ဟယ်နန်ပြည်နယ်တွင် သောကြာနေ့ညနေပိုင်းက ဂက်စ်စက်ရုံတစ်ခုပေါက်ကွဲခဲ့ပြီး အနည်းဆုံး (၁၅) ဦးသေဆုံးကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သူ (၁၅) ဦးရှိကြောင်း တရုတ်အာဏာပိုင်များကကြေငြာသည်။

ဆန်းမာန်ရှမြို့ရှိ ဂက်စ်စက်ရုံအတွင်း မတော်တဆ ဂက်စ်ပေါက်ကွဲမှုကြောင့် စက်ရုံအတွင်းရှိအဆောက်အဦးများပျက်စီးခဲ့ကာ၊ အပျက်အစီးများသည် (၃) ကီလိုမီတာအကွာအဝေးအထိ လွှင့်စင်ခဲ့သည့်အကြောင်းလည်းရှင်းဟွားသတင်းဌာနကဖော်ပြခဲ့သည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တရုတ်အာဏာပိုင်များက အကြောင်းအရင်းအား စုံစမ်းနေသည်။

ဘေဂျင်းအစိုးရက စက်ရုံများအား ဘေးအန္တရာယ်ကင်းစွာလည်ပတ်နိုင်ရေး လုပ်ဆောင်ကြရန် သတိပေးမှုများ ဆက်တိုက်လုပ်နေသော်လည်း တရုတ်ကုမ္ပဏီများသည် စည်းကမ်းလိုက်နာမှုအပိုင်းတွင် အတော်လေးအားနည်းနေသေးကြောင်း စစ်ဆေးရေးရဲအရာရှိကပြောသည်။

ပြီးခဲ့သည့် မတ်လကလည်း တရုတ်ကျန်စုပြည်နယ်အရှေ့ပိုင်းတွင် ဓာတုဗေဒစက်ရုံတစ်ရုံ ပေါက်ကွဲခဲ့ပြီး (၇၈) ဦးသေဆုံးခဲ့ကာ လူပေါင်းတစ်ရာကျော် ဒဏ်ရာများ ရရှိခဲ့သေးကြောင်းသိရသည်။

Ref ; Gas plant explosion kills 15 in central China
#Isee_Media

Comments