အမေရိကန် က ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် တပ်မတော် အရာရှိကြီး သုံးဦးအား နိုင်ငံဝင်ခွင့်ပိတ်၍ စတင် ဒဏ်ခတ်ပြီ

အမေရိကန် က ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် တပ်မတော် အရာရှိကြီး သုံးဦးအား နိုင်ငံဝင်ခွင့်ပိတ်၍ စတင် ဒဏ်ခတ်ပြီ
==============================
(Updated)

ယနေ့ အင်္ဂါနေ့တွင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် စိုးဝင်း၊ ဗိုလ်မှုးချုပ် သန်းဦး နှင့် ဗိုလ်မှုးချုပ် အောင်အောင် တို့အား ရို ဆိုသူများ အပေါ် လူမျိုးရေး သန့်စင် မှု ကျုးလွန်ခဲ့သည်ဆိုကာ နိုင်ငံဝင်ခွင့် ပိတ်ပင် ဒဏ်ခတ်မှုများ စတင်ပြုလုပ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

“မြန်မာ အစိုးရ အနေဖြင့် လူ့အခွင့်အရေး ဖေါက်ဖျက် ကျုးလွန်၊ အလွဲသုံးခဲ့သူများ အပေါ် မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အရေး ကို မိမိတို့ ဆက်လက် စိုးရိမ်မကင်း ဖြစ်လျက် ရှိနေကြောင်း၊ မြန်မာ စစ်တပ်အနေဖြင့်လည်း နိုင်ငံ အနှံ့အပြား လူ့အခွင့်အရေး များ ဆက်လက် ချိုးဖေါက်နေသည့် သတင်းများလည်း ထွက်ပေါ်လျက် ရှိနေဆဲပင် ပင် ဖြစ်ကြောင်း” ၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မိုက် ပွန်ပီယိုမှ ကြေငြာချက်တွင် ဖေါ်ပြထားသည်။ ဤသည်ကပင် “ မြန်မာ ထိတ်တန်း စစ်အရာရှိကြီးများကို ပထမဆုံး လူသိရှင်ကြား အရေးယူမှု ပြုခဲ့သည့် နိုင်ငံသည် အမေရိကန် ဖြစ်လာကြောင်း” လည်း ပါရှိခဲ့သည်။

အင်ဒင်း ရွာ လူသတ်မူကြီးတွင် ကျုးလွန်ခဲ့
သူများ အပေါ် လ အနည်းငယ်သာ ပြစ်ဒဏ်
ကျခံစေခဲ့သော်လည်း ထိုအကြောင်းအား
ကမ္ဘာသိ ရေးသားခဲ့သူ ရိုက်တာ သတင်း
ထောက်များကိုမူ ရက်ပေါင်း ၅၀၀ ကျော်မျ အကျဉ်း
ချခဲ့တယ်လို့လည်း ပွန်ပီရိုက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ
ကမကထ ပြု ကျင်းပခဲ့တဲ့ ဘာသာရေး လွတ်
လပ်ခွင့်ဆိုင်ရာ ၀န်ကြီး အဆင့် ညီလာခံ
ပထမနေ့ မှာပဲ အခုလို ကြေငြာချက် ထွက်
ပေါ်လာခဲ့ရတာ လည်း ဖြစ်ပါတယ်။

လူမျိုးတုန်း သတ်ဖြတ်မူကြီးဟု မသုံးနှုံးချင်၍
လူမျိုးရေး သန့်စင်မူကြီးလို့ အမည်တပ်ခဲ့
တာ ဖြစ်ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုကြီး
ဟု သုံးနူံးပါက အမေရိကန် အနေနဲ့ နိုင်ငံ
အပေါ် ပြင်းထန်တဲ့ စီးပွားရေးဒဏ်ခတ်မူကြီး
ချမှတ် ရဖို့ ရှိနေတဲ့ အတွက်လည်း ဖြစ်ပါ
တယ်။

မိမိတို့၏ အရေးယူမူကြောင့် အရပ်သား အစိုး
ရ အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်း
မှုများ အရေးသာလာစေလိမ့်မည်ဟု မျော်
လင့်ကြောင်းလည်း အမေရိကန် နိုင်ငံခြား
ရေး ၀န်ကြီးဌာန အထက်တန်း အရာရှိကြီး
တဦးက ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

ထိုကြေငြာချက်ကြောင့် တပ်မတော်၏ စီးပွားရေး လုပ်ငန်းများ အပြင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၏ နိုင်ငံရေး နယ်ပယ်ထဲ ၀င်ရောက်ရန် ရည်ရွယ်နေမှုများ အကြီးအကျယ် ထိခိုက် သွားရပြီလည်း ဖြစ်ပါတယ်။

Crd - Hla Soewai

Comments