ကွမ်းယာသည်​ထံမှ စိတ်​ကြွ​ဆေးပြား ၅ ​ထောင်​​ကျော်​မိ

ကွမ်းယာသည်​ထံမှ စိတ်​ကြွ​ဆေးပြား ၅ ​ထောင်​​ကျော်​မိ

--------------------------------------

မောင်လေးငယ်ငယ်
မုံရွာ၊ ဇူလိုင် ၁၁

မုံရွာမြို့ ကန်သာဦးရပ်ကွက်တွင် ကွမ်းယာရောင်းသည့် အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါး သိန်းသုံးရာနီးပါးဘိုးခန့်​ ဖမ်းဆီးရမိခဲ့သည်​။

မူးယစ်တပ်ဖွဲ့စု ၈ မှ ရဲအုပ်သူရထွန်းလတ်နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် ယ​​နေ့ ညပိုင်းက  ကံသာဦးရပ်ကွက် နယ်မြေ ၄ သုခလမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေခဲ့ကြသည်​။

 ၎င်းအိမ်​တွင်​ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးနှင့်အတူ ပင်နယ်စလင်ပုလင်း ၁၄ လုံးဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၂ ဒသမ ၆၅ ဂရမ်နှင့် ပန်းရောင်စိတ်ကြွ​ဆေးပြား ၅၄၃၂ ပြား စုစုပေါင်းကာလတန်ဘိုး ၂၇၄သိန်း​​ကျော် ​ဘိုးရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

 "ကျွန်တော်တို့ရောက်သွားတော့ အမျိုးသမီးတစ်ဦးက အထုပ်တစ်ထုပ်ဆွဲပြီး ထွက်ပြေးမယ်လုပ်တာ။ သူဆွဲသွားတဲ့အထုပ်က ဘိန်းဖြူတွေထည့်ထားတဲ့ အထုပ်ဖြစ်နေတယ်။ သူတို့က ကွမ်းယာဆိုင်ဟန်ြ​ပပြီး မူးယစ်ဆေးရောင်းနေတာကြာပြီဗျာ့။ သူတို့ရောင်းတဲ့ဆေးတွေကို မန္တလေးကနေ လိုသလောက်မှာတယ်လို့ ကနဦးစစ်ချက်အရသိရတယ်။ မန္တလေးကို ငွေလွှဲထားတာလဲ သိန်းငါးဆယ်ကျော်တယ်" ဟု ရဲအုပ်သူရထွန်းလတ်က ပြောသည်။

ယင်းအမျိုးသမီးမိသားစုမှာ ဖောင်းပြင်မြို့ ဘက်မှ ပြောင်းရွှေ့လာကာ  ကံသာဦးရပ်ကွက်တွင် အိမ်​ငှား​​နထိုင်​သည်ဟု ရပ်ကွက် ​​​​အုပ်ချုပ်ရေးမှူးက ပြောသည်။

"လွန်ခဲ့တဲ့ သုံးလလောက်က ကျွန်တော့်ရုံးကို လာပြီး တိုင်သေးတယ်ဗျာ့။ အဲဒီအမျိုးသမီးကွမ်းယာဆိုင်မှာ ယောကျာ်လေးတွေ တရုန်းရုန်းနဲ့ လူမှုရေးကိစ္စရှုပ်နေတယ်ဆိုပြီးတော့ပေါ့ဗျာ။ အခုလို မူးယစ်ဆေးရောင်းနေတယ်လို့ မထင်မိဘူး" ဟု ရပ်ကွက် ​​အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ပြောသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့​ ​သာအေမျိုးသမီးအား ရဲအုပ်သူရထွန်းလတ်မှ တရားလိုပြုလုပ်တိုင်တန်းကာ မုံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေဆိုင်ရာပုဒ်မများဖြင့် တရားစွဲသွားမည်ဟု သ​တင်းရရှိသည်။

မုံရွာဂေဇက်

Comments