တာချီလိတ်က ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင် လုယက်ခံရ
[[BREAKING]]
တာချီလိတ်က ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင် လုယက်ခံရ
တာချီလိတ်၊ ဇူလိုင် ၈
တာချီလိတ်မြို့ ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင်ကို သေနတ်နဲ့ လူနှစ်ဦးက ဇူလိုင်လ (၈)ရက်၊ ဆိုင်ဖွင့်ချိန် မနက် (၈)နာရီခန့်မှာ ဝင်ရောက်လုယက်ခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဝမ်ကောင်းဈေးအနီး ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ရှင်းမန် & ရှင်းဒါ - ၂ ရွှေဆိုင်
မနက်ဆိုင်ဖွင့်ချိန်ဖြစ်တဲ့ (၈)နာရီခန့်မှာ ဆိုင်ဝန်ထမ်းတွေ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေစဉ်မှာ ဆိုင်ကယ်ဦးထုပ်
အကြီးဆောင်းထားတဲ့ လူနှစ်ဦးက ဆိုင်ထဲဝင်လာပြီး
လုယက်သွားတာဖြစ်တယ်လို့ ဆိုင်ဝန်ထမ်းတွေရဲ့
ပြောပြချက်အရ သိရပါတယ်။
“တစ်ယောက်က သေနတ်နဲ့ ချိန်ထားတယ်။
နောက်တစ်ယောက်က မှန်ကောင်တာပေါ်တက်ပြီး
ဘယက်တွေထားတဲ့ အကန့်ကိုဖွင့်ပြီး ယူတယ်။ ပြီးတော့ ထွက်ပြေးသွားတယ်” လို့ ဆိုင်ဝန်ထမ်းတစ်ဦးက
ပြောပါတယ်။
လုယက်သူတွေထွက်ပြေးချိန်မှာ ဆိုင်အတွင်းမှ လူတစ်ဦးက နောက်ကလိုက်ပြီး ပန်ကာနဲ့ ပစ်လိုက်တာကြောင့်
လုယူသွားတဲ့ ဆွဲကြိုးနဲ့ ဘယက် (၄)ကုံးထဲကနေ
(၂)ကုံး ကျကျန်ခဲ့တယ် သိရပါတယ်။
လုယက်သူတွေဟာ ဆိုင်ကယ်မောင်းနှင်
ထွက်ပြေးသွားပြီး ရွှေဘယက်တစ်ကုံး၊ ရွှေဆွဲကြိုးတစ်ကုံးနဲ့ ရွှေဆွဲပြားတစ်ပြား စုစုပေါင်း အလေးချိန် ၂၅ ဘတ်သားခန့် ယူဆောင်သွားတယ်လို့ သိရပါတယ်။
(Updated at 9:30AM)
သတင်း/ဓာတ်ပုံ - ရွှေတြိဂံဒေသသတင်း
Lwin Oo

Comments
Post a Comment