ရွှေမန္တလာယာဉ်နဲ့ ဆိုင်ကယ်တိုက် လူ၂ဦးသေ
ရွှေမန္တလာယာဉ်နဲ့ ဆိုင်ကယ်တိုက် လူ၂ဦးသေ
🚌🚌🚌🚌🚌🚌🚌🚌⚫⚫⚫⚫⚫⚫⚫⚫
#ပေါင် ဇူလိုင်၁၇
#မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါလာသူ ညီအစ်ကို ၂ဦးလုံးသေဆုံးခြင်းဖြစ်သည်
ဇူလိုင်၁၇မနက်၅နာရီကျော်အချိန်က ပေါင်မြို့နယ် ဘန့်
ဘွေးကုန်းကျေးရွာ အဝေးပြေးကားလမ်းမိုင်တိုင်အမှတ်
၁၇၇/၀အနီး မင်းသန့်ဆီအရောင်းဆိုင်နားတွင်ဖြစ်ပွားခဲ့သည်
ရန်ကုန်ဘက်က မော်လမြိုင်သို့ ယာဉ်မောင်း ရဲခင် ၃၅
နှစ် မောင်းလာသည့် ရွှေမန္တလာ ခရီးသည်တင်မှန်လုံ
ယာဉ်နှင့်
မော်လမြိုင်မှပေါင်ဘက်သို့ အောင်ဇော်ဦးမောင်းသည့်
ဆိုင်ကယ်တို့လမ်းလည်တွင်မျက်နှာချင်းဆိုင်တိုက်မိခဲ့
ခြင်းဖြစ်သည်
ဆိုင်ကယ်ပေါ်ပါလာသူ ၂ဦးဖြစ်သည့် အောင်ဇော်ဦး ၂၇နှင်(ဘ)ဦးချစ်သိန်း ကျားဘိုရွာ ပေါင်မြို့နှင့်၎င်း၏အစ်ကို သန်းချစ်ဦး ၃၅နှစ်တို့ဒဏ်ရာအသီးသီးရပြီးသေဆုံးသွားသည်
ဖြစ်စဉ်နှင့်ပတ်သက်၍ပေါင်ရဲစခန်း ယဉ်(ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က )အရ ယာဉ်မောင်း
၂ယောက်လုံးကိုအရေးယူထားသည်
ဝရဇိန် ပေါင်
#Paung_Daily

Comments
Post a Comment