မြို့နယ်စည်ပင် အင်ဂျင်နီယာတစ်ဦးကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေး

မြို့နယ်စည်ပင် အင်ဂျင်နီယာတစ်ဦးကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေး
❎❎❎
Friday,
July 19, 2019

 မြောက်ဒဂုံမြို့နယ်တွင်  ကေတီဗီဝန်ထမ်းအမျိုးသားတစ် ဦးထံမှ စိတ်ကြွဆေးပြား ၂၀   ဖမ်းမိပြီးနောက် ကွင်းဆက်တရားခံကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်စဉ် တောင်ဒဂုံမြို့နယ်  စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ခံအင် ဂျင်နီယာတစ်ဦးထံမှ မူးယစ်ဆေး ၀ါးပမာဏအများအပြား ဖမ်းမိခဲ့ သည်ဟု သတင်းရရှိသည်။

ရန်ကုန်မြို့ မြောက်ဒဂုံမြို့ နယ်ရှိ ကေတီဗီဆိုင်တစ်ဆိုင်မှ ၀န်ထမ်းအမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား ၂၀ နှင့်အတူ ဇူလိုင် ၁၆ ရက်ညတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကွင်းဆက်တရားခံသုံးဦးထပ်မံဖမ်းဆီးရာ တောင်ဒဂုံမြို့ နယ် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ခံအင်ဂျင်နီယာတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အသက် (၅၅)နှစ်အရွယ် အဆိုပါတာဝန်ခံအင်ဂျင်နီယာနေထိုင်သော အိမ် မှစိတ်ကြွဆေးပြား ၁၅,၀၀၀ ခန့်၊ ICE ပုံဆောင်ခဲနှင့် ဘိန်းဖြူအနည်းငယ်ပါ  သိမ်းဆည်းနိုင်ခဲ့ကြောင်း 7Day Daily သတင်းစာက စုံစမ်းသိရှိခဲ့သည်။ ယင်းသတင်းကို ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ သတင်းဖြစ်စဉ် အသေးစိတ်ကို မပြောဘဲ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးဌာနသို့  ဆက်သွယ်မေးမြန်းရန် အမှုစစ်ရဲအရာရှိက ပြောသည်။

အဆိုပါ အမှုကိုစစ်ဆေးနေ သော မြောက်ဒဂုံမြို့မရဲစခန်းမှ  အမှုစစ်အရာရှိ ဒုရဲအုပ်မျိုးမင်းဦး က ‘‘အဲဒီ(ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ သတင်းနှင့် ပြန်ကြား ရေးဌာန) မှာပဲ မေးမြန်းလို့ရမယ် ဗျ’’ဟု ဇူလိုင် ၁၈ ရက် ညနေက ပြောသည်။

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်း ဆီးခံရသော တာဝန်ခံအင်ဂျင်နီ ယာနှင့်ပတ်သက်၍ ဌာနအနေဖြင့် အရေးယူရန် ရှိ၊ မရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အ  ဆောက်အအုံ)သို့ ဆက်သွယ်မေးမြန်းရာ ဌာနမှူးဦးတင်မောင်ကြည်က ‘‘ဥပဒေအတိုင်း အကုန် အရေးယူရမှာပါဗျ’’ဟု ပြောကြား သည်။ အထက်ပါမူးယစ်ဆေးဝါး မှုတွင် စည်ပင်သာယာရေးကော် မတီ တာဝန်ခံအင်ဂျင်နီယာအပြင် စီးပွားရေးကြော်ငြာလုပ်ငန်း ကုမ္ပ ဏီပိုင်ရှင်အမျိုးသားတစ်ဦး၊ ကေ တီဗီဝန်ထမ်း အမျိုးသားတစ်ဦး၊ အလှပြင်ဆိုင် ၀န်ထမ်းအမျိုးသား တစ်ဦး၊ စုစုပေါင်း လေးဦးကို ရဲ တပ်ဖွဲ့က ဖမ်းဆီးထားပြီး မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၉(က)ဖြင့် မြောက်ဒဂုံမြို့မရဲစ ခန်းတွင် စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

#7Day_News_Journal

Comments