၅ နှစ်အရွယ် ကလေးမတစ်ဦးကို ဓမ္မတာနှင့် ဆန့်ကျင်ကာလိင်ဆက်ဆံမှု့ ပြုလုပ်ခဲ့သည့် ရဲ ၀န်ထမ်းအားဖမ်းဆီး

ဇွန်လ ၆ ရက်က အသက် ၅ နှစ်အရွယ်မိန်းကလေး ငယ် တစ်ဦးကို ဓမ္မတာ နှင့် ဆန့်ကျင်သည့် လိင်ဆက်ဆ့်မှု့ပြုခဲ့သည့်အတွက် ရဲစခန်းဂိတ်ပေါက် စစ်ဆေးရေးတာဝန်ကျ ရဲတပ်ဖွဲ့ ၀င် တစ်ယောက်အားဖမ်းဆီး စစ်ဆေးနေကြောင်း ပခုက္ကူ မြို့မရဲစခန်း မှ သိရ၏။
ဖြစ်စဉ်မှာ ပခုက္ကူ မြို့မ ရဲစခန်း ၀င်းအတွင်းနေထိုင်သည့် အသက် ၅ နှစ်အရွယ် ကလေးမသည် မိခင်ဖြစ်သူ ဈေးရောင်းသွားသဖြင့် အဘွားဖြစ်သူနှင့်အတူ ကျန်ရစ်စဉ်မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် ပျောက်ဆုံးသွားခဲ့ပြီး၊
ညနေ ၆ နာရီ ခန့်တွင် နေအိမ်သို့ပြန်လည်ရောက်ရှိ လာသဖြင့် မိခင်ဖြစ်သူ ကမေးမြန်းရာ ရဲဝန်ထမ်း တယောက်က ရဲစခန်းဓမ္မာရုံ စတိုခန်းအတွင်း ခေါ်သွားကာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ပြောပြခဲ့၏။
ထိုသို့ပြုလုပ်သူကို ပြသခိုင်းရာ ရဲစခန်းဂိတ်ပေါက် တွင် စစ်ဆေးရေး တာဝန်ကျသည့်အသက် ၄၁ နှစ်အရွယ် ရဲ ဒုတပ်ကြပ် သန့်ဇင်ဦး ဆိုသူဖြစ်ကြောင်း သိရှိရပြီး လူကြီး တွေကိုပြန်ပြော ရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရ၏။
ရဲဝန်ထမ်း ကို အမှု့ဖွင့် အရေးယူထား ပြီးရဲစခန်း မှာဘဲ ထိန်းသိမ်း စစ်ဆေးချက် ယူနေကြောင်း ပခုက္ကူ မြို့မ ရဲစခန်း မှ ပြောပြ၏၊ဖြစ်စဉ်နှင့် ပါတ်သက်၍ ရဲ ဒုတပ်ကြပ် သန့်ဇင်ဦး အား ပခုက္ကူမြို့မရဲစခန်း မှ ပုဒ်မ ၃၇၇/၅၀၆ တို့ဖြင့်အမှု့ဖွင့် အရေးယူ ထားကြောင်း ဂျာနယ် တွင်ရေးသားဖော်ပြ ထားပါတယ်။
ခရက်ဒစ် – မြန်မာdaily

Comments
Post a Comment