ညီလေး စိုးသီဟ ဒီပို့စ်ကို ဖတ်မိရင် အိမ်ပြန်နိုင်အောင် ကြိုးစားစေချင်တယ်

ညီလေး စိုးသီဟ ဒီပို့စ်ကို ဖတ်မိရင် အိမ်ပြန်နိုင်အောင်
ကြိုးစားစေချင်တယ်
----
ဒီနေ့ ညနေ 4နာရီလောက်က ကသာအင်းတော်
 လမ်းပေါ် ကသာမြို့အထွက် သုံးခွရွာအနီး
 လူတစ်ယောက် အထုတ်လေးတစ်ထုတ်နဲ့
လမ်းလျှောက်လာတာမြင်လို့ ကားလေး ခဏရပ်ပြီး
 ဦးလေးဘယ်လဲလို့မေးလိုက်မိတယ်။
ဒီနားတင်တဲ့ ဒီနားက ဝေးလားလို့ ကျနော့်ကားပေါ်
လိုက်ခဲ့လေ ကသာသွားမှာဆိုတော့ ကားပေါ်တက်လာပြီး နဲနဲဝေးတယ်တဲ့ မြစ်ကြီးနားသွားမှာ
စရိတ်ပြတ်လို့ လမ်းလျှောက်နေတာ မနေ့ညထဲက
ထီးချိုင့်က လျှောက်ခဲ့တာတဲ့.ဗျာဆိုပြီး အံ့ဩ သွားတော့ ဆက်ပြောတယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်က သူ့သား အိမ်က ထွက်သွားတာ 8လရှိပြီမို့ စိတ်ပူပြီး
လိုက်ရှာနေရင်း တစ်လကျော်ကြာသွားလို့
 စရိတ်ပြတ်သွားတာဆိုဘဲ။ဦးလေး ထမင်းစားပြီးပြီလားဆိုတော့ သူများကြွေးလို့ ခေါက်ဆွဲတစ်ပွဲစားထားတယ်ဆိုတာနဲ့ အဲ့ဒါဆို ကျနော်ထမင်းကြွေးမယ် ပြီးရင် ကားဂိတ် ပို့ပေးမယ်ပြောတော့ ထမင်းမဆာပါဘူးဆိုလို့ ကဲအဲ့ဒါဆိုဦးလေး ကျနော့်မှာ ပိုက်ဆံ ၅၀၀၀ ရှိတယ် ဦးလေးယူထားလိုက် ပြီးရင် ကားကို အကြိုးကြောင်းပြောပြီး စီးသွားပါလို့ ပြောလိုက်တော့ ပိုက်ဆံယူတဲ့လက်လေးတွေတောင်
 တုန်လို့။၂၁ နှစ် အရွယ် သားကို လိုက်ရှာနေတဲ့
 ဖခင်တစ်ယောက်ရဲ့မျက်ဝန်းထဲမှာ ကလေးငယ်လေး
လိုက်ရှာနေသလိုဘဲ။ဖြစ်နိုင်ရင် မြစ်ကြီးနား ကားပေါ်
တင်ပေးလိုက်ချင်တာ ပိုက်ဆံတစ်ကယ်ကို မရှိတောလို့။
facebook ကနေ့ တင်ကြည့်မယ် ဦးလေးဓာတ်ပုံ
ရိုက်ရမလားဆိုတော့ ရိုက်ပါတဲ့ သူ့သားမှာ ဖုန်းရှိပါ
တယ်တဲ့။
မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်က အသက် ၂၁ နှစ်
ညီလေး စိုးသီဟ ဒီပို့စ်ကို ဖတ်မိရင် အိမ်ပြန်နိုင်အောင်
ကြိုးစားစေချင်တယ် မင်းအဖေ စိတ်ပူနေတယ်ညီလေး..
အော် ဖခင်မေတ္တာ ကြီးမားပုံများ
--
‎Nan Aung‎

Comments