ထိုင်းမလေးရှား နယ်စပ်မှာ နှစ်ရက်အတွင်း မြန်မာနိုင်ငံသား ၆၃ ဦး ဖမ်းဆီးခံရ

July 4,2019
ယခုလ ဇူလိုင် ၃ ရက်နဲ့  ၄ ရက်နေ့ မှာ ထိုင်းတောင်ပိုင်း စုန်ခလာခရိုင် စဒေါင် မြို့ နယ် ရာဘာသစ်တောတွေထဲမှာ မလေးဝင်ဘို့  စောင့်နေကြတဲ့ မြန်မာနိုင်ငံသား ၆၃ ဦး အမျိုးသား ၅၃ဦးအမျိုးသမီး ၁၀ ဦး ကို ရွာသားတွေ သတင်းပေးချက်အရ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့ ကနေ ၀င်ရောက်လာခဲ့ကြတာဖြစ်ပြီး ခုလို ထိုင်းမလေးနယ်စပ် ကိုရောက်ဘို့  ၁၀ရက်ကျော် အချိန်ယူပြီး လာခဲ့ကြရတာလို့  သိရပါတယ်။
မလေးရှား နိုင်ငံမှာ မိုးရာသီ လယ်ယာ စိုက်ပျိုးရေး အလုပ်တွေဝင်ရော
လုပ်ကိုင်ကြဘို့ အတွက် လူမှောင်ခိုပွဲစားတွေကို တဦးကို ဘတ်ငွေ ၇၀၀၀ကနေ့  ၂၅၀၀၀ အထိ ပေးခဲ့ရတယ်လို့  ဖမ်းမိမြန်မာနိုင်ငံသားတွေက ပြောပါတယ်။
SAW

Comments
Post a Comment