ကန့်ဘလူ၌ သံလမ်းကူး(ဂိတ်တံခါးမရှိ)တွင် ရထားနှင့်ကားတိုက်မိ တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရရှိ
ကန့်ဘလူ၌ သံလမ်းကူး(ဂိတ်တံခါးမရှိ)တွင် ရထားနှင့်ကားတိုက်မိ တစ်ဦးသေဆုံး၊ခြောက်ဦးဒဏ်ရာရရှိ
========================
ကန့်ဘလူ ဇူလိုင် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဇူလိုင် ၂၁ ရက် နံနက် ၇ နာရီခွဲခန့်က ကျွန်းလှဘူတာမှ ကန့်ဘလူဘူတာသို့
ထွက်ခွာလာသော စက်ခေါင်းအမှတ် DF 1350 စက်ခေါင်းမောင်းဦးသက်ညွန့်၊ ဦးရဲနိုင်တို့မောင်းနှင်ပြီး ဂါတ်ဘို ဦးမောင်မောင်အေး လိုက်ပါလာသော အမှတ် ၂၃၆ အစုန်ရထားအား ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်နေယာဉ်မောင်း မင်းမင်း(၂၉ နှစ်)မောင်းနှင်လာသည့် ယာဉ်အမှတ် MDY 5Q 8837 အဖြူရောင်စူဇူကီးလေးဘီးယာဉ်မှ ကန့်ဘလူ-ကျွန်းလှ
ဘူတာကြား မိုင်တိုင်အမှတ် ၄၉၀/၁၅ နှင့် ၄၉၀/၁၆ အကြားရှိ အမှတ်(၁)ဘက်စုံရပ်ကွက် တရားမဝင်သံလမ်းကူးအား အရှေ့ဘက်မှအနောက်ဘက်သို့ ဖြတ်ကျော်မောင်းနှင်စဉ် မီးရထားနှင့်တိုက်မိခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်(မော်တော်ကား)ပေါ်ပါ ယာဉ်မောင်းအပါအဝင် ခုနှစ်ဦးအနက် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကျားသုံးဦး၊ မ သုံးဦးတို့တွင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့သည်။အဆိုပါ အခင်းဖြစ်ရပ်သို့ ကန့်ဘလူလူတာရုံပိုင်ကြီး ဦးဝင်းမြင့်၊ ကန့်ဘလူမြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်ဇော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဒဏ်ရာရလူနာများအား လူနာတင်ယာဉ်ဖြင့် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ရပ်မှ ယာဉ်မောင်း မင်းမင်းအား ကန့်ဘလူမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
#Myanmaalinn




Comments
Post a Comment