ဆိုင်ကယ်နှင့် မော်တော်ယာဉ်တိုက်မိ ကျောင်းသား ၃ဦး ဒဏ်ရာရရှိ

ဆိုင်ကယ်နှင့် မော်တော်ယာဉ်တိုက်မိ ကျောင်းသား ၃ဦး ဒဏ်ရာရရှိ


🚗🚗🚗🚗🚗🚗🚗🚗❌❌❌❌❌❌❌❌
EPN
မိုးညှင်း၊ ဇူလိုင် ၁၇

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်
ကျေးရွာနှင့် မော်ဟဲကျေးရွာအကြားမဟာဗျူဟာလမ်းမပေါ်တွင်(၁၀)တန်းကျောင်းသား(၃)ဦးစီးနင်းလာသော ဆိုင်ကယ်နှင့် မော်တော်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ကျောင်းသား(၃)ဦး ဒဏ်ရာရရှိကာ ယာဉ်မောင်းဖြစ်သူထွက်ပြေး တိမ်းရှောင်သွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ(၁၆)ရက်နေ့ ညနေ
(၄)နာရီ(၁၅)မိနစ်အချိန်တွင် မော်ဟဲကျေးရွာအနီးတွင်ယာဉ်တိုက်မှုဖြစ်ပွါးကြောင်း သတင်းရရှိသဖြင့် မိုးညှင်းမြို့အမှတ်(၁၀၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှ ရဲအုပ်နေထွန်းအောင်နှင့်တပ်ဖွဲ့ ဝင်များသည် မော်ဟန်ရဲကင်းစခန်းမှဒုရဲအုပ်ကျော်မင်းနိုင်နှင့် အတူ သက်သေများလိုက်ပါလျက် အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်
ရှုစစ်ဆေးခဲ့ကြသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ မော်ဟန်ကျေးရွာဘက်မှ မော်ဟဲကျေးရွာဘက်သို့ ဆန်းကိုတူးမောင်းနှင်ပြီး နောက်မှစိုင်းဝင်းမော်နှင့်ငြိမ်းချမ်းကျော်တို့ လိုက်ပါလာသော၂၃ယ/**** နံပတ်ပါ  KENBO 125 အနက်ရောင်ဆိုင်ကယ်
နှင့် မျက်နှာချင်းဆိုင်မှ လာသော YGN-9J/***- NISSAN ADVAN အဖြူရောင်ယာဉ်တို့ သည် မဟာဗျူဟာလမ်းမကြီးမိုင်တိုင်အမှတ်(176/0)နှင့်(176/1)အကြားတွင် တိုက်က်မိခဲ့ကြ
သည်။

ထိုသို့ တိုက်မိခဲ့သဖြင့် ဆန်းကိုတူး၊ (၁၆)နှစ်၊ (ဘ)ဦးဝင်းကို မော်လူးအထက်တန်းကျောင်းဒသမတန်း မော်လူးကျေးရွာ အင်းတော်မြို့နယ်နေထိုင်သူတွင်
ဝမ်းဗိုက်ယာဘက်ခြမ်းပွန်းပဲ့ဒဏ်ရာ၊ ယာဘက်ပေါင်နာကျင်ဒဏ်ရာ၊ ဝဲဘက်မျက်ခမ်းပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်လက်ကောက်ဝတ်နာကျင်ဒဏ်ရာ၊ ဝဲဘက်ဒူးနှင့်ခြေသလုံးနာကျင်ဒဏ်ရာတို့ ရရှိကာ စိုင်းဝင်းမော်(၁၅)နှစ်(ဘ)ဦးထွန်းသိန်း
ဒသမတန်း မော်လူးအထက်တန်းကျောင်း မလူးကျေးရွာ မော်လူးအုပ်စု အင်းတော်မြို့နယ်နေထိုင်သူတွင်အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပါးနှင့် အပေါ်မျက်ခုံးပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်လက်ကောက်ဝတ်နာကျင်ဒဏ်ရာ၊ ယာဘက်ဒူး
နှင့်ခြေသလုံးနာကျင်ဒဏ်ရာတို့ ရရှိပြီးငြိမ်းချမ်းကျော်(၁၇)နှစ်(ဘ)ဦးမောင်ကျော် ဒသမတန်း မော်လူးအထက်တန်းကျောင်း မလူးကျေးရွာမော်လူးအုပ်စု အင်းတော်မြို့နယ်နေထိုင်သူတွင် ဦးခေါင်းဝဲဘက်ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်လက်
ကောက်ဝတ်နာကျင်ဒဏ်ရာ၊ ယာဘက်ဒူးနှင့်ဖ နောင့်ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ပြီးမော်တော်ယာဉ်မောင်းဖြစ်သုမှာ မော်တော်ယာဉ်အားထားခဲ့ပြီး ကိုယ်လွတ်ထွက်ပြေးသွားကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအုပ် နေထွန်းအောင်မှတရားလို ပြုလုပ်အမှုဖွင့်လှစ်ခဲ့သဖြင့် မော်တော်ယာဉ်မောင်းနှင်သူ(စုံစမ်းဆဲ)အား မိုးညှင်းမြို့မရဲစခန်းမှ ယာဉ်(ပ) ၂၄/၂၀၁၉ ပုဒ်မ ၃၃၇/၂၀၂ ဖြင့်အမှုရေးဖွင့်ထားကြောင်းသိရသည်။

မင်္ဂလာဦး
#EPN_News

Comments