ဂျပန်နိုင်ငံ၌ မိုးများသည်းထန်ဆိုးရွားနေသဖြင့် မြို့ကြီး သုံးမြို့မှ လူပေါင်း ၈၀၀၀၀၀ခန့်ကို ဘေးကင်းရာ ပြောင်းရွှေ့ရန် ညွှန်ကြားထား

ဂျပန်နိုင်ငံ၌ မိုးများသည်းထန်ဆိုးရွားနေသဖြင့် မြို့ကြီး
သုံးမြို့မှ လူပေါင်း ၈၀၀၀၀၀ခန့်ကို ဘေးကင်းရာ
ပြောင်းရွှေ့ရန် ညွှန်ကြားထား
+++++++++++++++++++++++++++++++
ဂျပန်နိုင်ငံ၏ မြို့ကြီးသုံးမြို့တွင် မိုးများသည်းထန်စွာရွာ
သွန်းနေခဲ့ပြီး ရေကြီးရေလွှမ်းမှုနှင့်မြေပြိုမှုအန္တရာယ်
သတိပေးချက်များထုတ်ပြန်ကြေညာထားခဲ့ပြီး
 အဆိုပါမြို့သုံးမြို့တွင် နေထိုင်နေကြသော လူ ၈၀၀၀၀၀ခန့်ကို ဘေးကင်းရာသို့ ရှောင်တိမ်းနေထိုင်ကြ
ရန် ညွှန်ကြားထားခဲ့ကြောင်း ဂျပန်အခြေစိုက်သတင်းများအရ သိရသည်။ ကျူရှူကျွန်း၊ ကာဂိုရှိစီရင်စုရှိ ကာဂိုရှီမမြို့၊ ကီရီရှီမမြို့နှင့် အိုင်ရာမြို့တို့တွင် နေထိုင်ကြသောဒေသခံများအနေဖြင့် ဘေးကင်းလုံခြုံသည့်နေရာများသို့
ချက်ချင်းပြောင်းရွှေ့နေကြရန် ဒေသအာဏာပိုင်များက
 တိုက်တွန်းနှိုးဆော်ထားခဲ့ပြီဟု သိရသည်။ မိုးကြီးသဖြင့် မြေသားပျော့အိလာပြီး ရွှံ့စီးကြောင်းများအဖြစ် စီးဆင်းလာခဲ့ရာ ကာဂိုရှိမမြို့က နေအိမ်တစ်ခုထဲသို့ ရုတ်တရက်လှိမ့်ဝင်သွားသဖြင့် နေအိမ်အတွင်းရှိ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး အသက်သေဆုံးခဲ့ရကြောင်းသိရသည်။
ဒေသခံများအနေဖြင့် အသက်ကာကွယ်နိုင်ရေးအတွက် တုံ့ဆိုင်းမနေကြဘဲ ဘေးကင်းရာသို့ ပြောင်းရွှေ့နေကြပါဟု ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကလည်း တိုက်တွန်
းပြောကြားခဲ့သည်။ ဂျပန်မိုးလေ၀သဌာနမှ ထုတ်ပြန်ချက်အရ ကျူရှူကျွန်းတွင် မိုးရေချိန် ၁၀၀၀ မီလီမီတာ (၃၉လက်မ)ထိ ရှိလာခဲ့ပြီး လာမည့်အပတ်ထိ မိုးများဆက်လက်သည်းထန်နေဦးမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဇူလိုင်လတွင်လည်း ဂျပန်နိုင်ငံအနောက်ပိုင်းတွင် အလားတူမိုးများသည်းထန်စွာရွာသွန်းမှုကြောင့်
 ရေကြီးရေလွှမ်းခဲ့ရာ သေဆုံးသူ
 ၂၀၀ဦးထက်မနည်းရှိခဲ့ပြီး
ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးရေလွှမ်းမှုဖြစ်ခဲ့ရသည်။
၁၉၈၂ခုနှစ်နောက်ပိုင်း လူသေဆုံးမှုအများဆုံးဖြစ်စေခဲ့သည့် မိုးသည်းထန်မှုလည်းဖြစ်ခဲ့ရပြီး ထိုစဉ်က လူပေါင်း နှစ်သန်းခန့် နေရာရွှေ့ပြောင်းခဲ့ရပြီး ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့သည့်နေရာများတွင် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း ၇၀၀၀၀ကျော် တာဝန်ထမ်းဆောင်ခဲ့ကြ
ရကြောင်း သိရသည်။

(BBC, 3.7.19)သံသာ
Pyi Myanmar

Comments