ပါရှန်းပင်လယ်ကွေ့သို့ ဗြိတိန်စစ်သဘောင်္များ ဆက်တိုက်စေလွှတ်နေမှု အီရန်ကန့်ကွက်

ပါရှန်းပင်လယ်ကွေ့သို့ ဗြိတိန်စစ်သဘောင်္များ ဆက်တိုက်စေလွှတ်နေမှု အီရန်ကန့်ကွက်


💢💢💢💢💢💢💢💢💢💢💢💢💢💢💢💢
#လန်ဒန်၊ ဇူလိုင် ၁၇

#ဗြိတိန်နိုင်ငံက ပါရှန်းပင်လယ်ကွေ့သို့ စစ်သင်္ဘောများဆက်တိုက်လွှတ်နေပြီး ယခုအခါတွင် တတိမြောက်စစ်သဘောင်္တစ်စင်းကို စေလွှတ်သွားရန် ပြင်ဆင်နေကြောင်း ပြောဆိုလိုက်သည်။

ယခုကဲ့သို့ စေလွှတ်မှုသည် အီရန်တွင်ဖြစ်ပေါ်နေသော ပဋိပက္ခနှင့် မသက်ဆိုင်ကြောင်း ယူကေကာကွယ်ရေးဝန်ကြီးဌာနကပြောကြားထားသော်လည်း အီရန်အစိုးရကမူ ဗြိတိန်၏ စစ်သင်္ဘောစေလွှတ်ခြင်းကိစ္စကို မကျေနပ်ကြောင်း သတိပေးစကား ဆိုထားသည်။

ဗြိတိန် အစိုးရအနေဖြင့် အီရန်အစိုးရပိုင်ရေနံတင်သဘောင်္တစ်စီးကို ထိန်းသိမ်းလိုက်သည့်ကိစ္စအပေါ် အီရန်ဘက်က မကျေနပ်သည့် အကြောင်းလည်း သတိပေးစကားထဲ ထည့်ပြောခဲ့သည်။

"ဗြိတိန်နိုင်ငံဟာ အီရန်ပိုင်ရေနံတင်သဘောင်္ကို ပြောင်ပြောင်တင်းတင်းခိုးယူထားတာဖြစ်ပြီး အချိန်မီပြန်မပေးပါက ထိရောက်တဲ့တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်" ဟု အီရန်အစိုးရက ပြောသည်။

အီရန်ပိုင်သဘောင်္သည် ဆီးရီးယားသို့သွားရောက်စဉ် ဗြိတိန်ရေတပ်၏ ဖမ်းဆီးထိန်းသိမ်းမှုကိုခံခဲ့ရပြီး ယင်းကိစ္စကို ဗြိတိန်ကအီရန်သည် ဥရောပ၏ ပိတ်ဆို့မှုပြစ်ဒဏ်ကို ချိုးဖောက်ခဲ့တာကြောင့် ယခုကဲ့သို့ ထိန်းသိမ်းလိုက်ရခြင်းဖြစ်ကြောင်း ပြန်လည်ချေပထားသည်။

ယင်းအပြင်ဥရောပအဖွဲ့အစည်းများအနေဖြင့် အီရန်နှင့် အမေရိကန်တို့ဖြစ်နေသည့် ပဋိပက္ခများအား ဝင်ရောက်စွက်ဖက်မည် မဟုတ်သည့်အပြင် အမေရိကန်က အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုလည်းစွက်ဖက်ခြင်းပြုမှာမဟုတ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

အီရန်အစိုးရကမူ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် အီရန်၏ စီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့နေကြသည်ဟု တုန့်ပြန်ပြောဆိုထားသည်။

Ref ; UK to send third warship to Gulf, says not related to Iran crisis
#Isee_Media

Comments