မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် သတင်းများ(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)

မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် သတင်းများ(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)


❎❎❎❎❎❎❎❎❎❎❎❎❎❎❎
#တာမွေမြို့နယ်၌ စိတ်ကြွဆေးပြား ၃၃၈၀၀ ပြား၊ ICE ၁.၃၄ ကီလို၊ ဆေးခြောက် ၀.၂၉ ကီလိုနှင့် Tramadol ၃၆၀၀ တောင့် သိမ်းဆည်းရမိမှု
 ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ ၁၆၀၅ အချိန် တာမွေမြို့နယ် မလွှဲကုန်းဌေးကြွယ် (က)ရပ်ကွက်နေ မအိအိသွယ်(ခ) အမိုး(၃၆)နှစ်၏နေအိမ်သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ ရန်ကုန်မှ ရဲတပ်ဖွဲ့ဝင်များ ဦးစီးအဖွဲ့က ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိပြီး အိပ်ခန်းအတွင်းမှ ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား ၃၃၈၀၀ ပြား၊ ICE ၁.၃၄ ကီလို၊ ဆေးခြောက် ၀.၂၉ ကီလိုနှင့် Tramadol ၃၆၀ ကတ် ၃၆၀၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့သဖြင့် မအိအိသွယ်(ခ)အမိုး (ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရအရေးယူထားကြာင်း သတင်းရရှိပါသည်။

တန့်ယန်းမြို့၌ စိတ်ကြွဆေးပြား ၉၇၅၀ ပြား ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိမှု
 ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ ၁၇၃၀ အချိန် တန့်ယန်းမြို့ (၉)ရပ်ကွက် တန့်ယန်း-နောင်ဟီး ကားလမ်းပေါ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တန့်ယန်းမှ ရဲတပ်ဖွဲ့ဝင်များ ဦးစီးအဖွဲ့သည် ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် တန့်ယန်းမြို့မှ နောင်ဟီးကျေးရွာသို့ အမျိုးသား ၁ ဦး(စိစစ်ဆဲ) မောင်းနှင်လာသောဆိုင်ကယ်မှာ နောက်ပြန်လှည့်၍ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ စစ်ဆေးရေးအဖွဲ့နှင့် ကိုက် ၂၀၀ ခန့်အကွာရှိ လမ်းကြား၌ ဆိုင်ကယ်အားတွေ့ရှိပြီး အဆိုပါ အမျိုးသားမှာ လယ်ကွင်းထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။ ဆိုင်ကယ်အား ရှာဖွေစစ်ဆေးရာ တူးဘောက်စ် အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၉၇၅၀ ပြားအား သိမ်းဆည်းရမိခဲ့သဖြင့် ပိုင်ရှင်(စိစစ်ဆဲ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

ကွတ်ခိုင်မြို့နယ်၌ စိတ်ကြွဆေးပြား ၁၉၀၀ ပြားနှင့် ဘိန်းဖြူ ၀.၀၂၄ ကီလို သိမ်းဆည်းရမိမှု
 ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ ၁၇၃၀ အချိန် ကွတ်ခိုင်မြို့နယ် ခိုလုံကျေးရွာအဝင် လမ်းပေါ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မူဆယ်မှ ရဲတပ်ဖွဲ့ဝင်များ ဦးစီးအဖွဲ့သည် လွယ်ခန် ကျေးရွာမှ ကွတ်ခိုင်မြို့သို့ ချိန်လောက်ဝူး(၄၂)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်း၏အင်္ကျီအိတ်ကပ်အတွင်းမှ ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် တံဆိပ်မပါ စိတ်ကြွဆေးပြား ၁၉၀၀ ပြားနှင့် ဘိန်းဖြူဆပ်ပြာခွက် ၂ ခွက် ၀.၀၂၄ ကီလို တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ချိန်လောက်ဝူး (ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရအရေးယူထားကြာင်း သတင်းရရှိပါသည်။

www.moha.gov.mm

Comments