မင်းတုန်းချောင်းအတွင်း စက်လှေတိမ်းမှောက်မှုမှာ နောက်ဆုံးကျန်နေတဲ့ ကျောင်သူတစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိ

မင်းတုန်းချောင်းအတွင်း စက်လှေတိမ်းမှောက်မှုမှာ နောက်ဆုံးကျန်နေတဲ့ ကျောင်သူတစ်ဦးရဲ့ ရုပ်အလောင်းကိုပြန်လည်တွေ့ရှိ

⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫
#19.7.2019

#မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် စာသင်ကျောင်းမှ ပြန်လာသည့် ကျောင်းသားကျောင်းသူ ၁၂ ဦးအပါအဝင် လူ၂၀ ​ကျော်​ကို တင်ဆောင်လာသည့် စက်လှေ တိမ်းမှောက်သောကြာင့် ကျောင်းသူ (၄) ဦးပျောက်ဆုံးနေမှုတွင် လေးယောက်မြောက်ဖြစ်သော နောက်ဆုံးတစ်ဦး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။

ယခုပြန်လည်တွေ့ရှိသည့် နောက်ဆုံးကျန်သူ ၁ဦးမှာ ပေါက်ကိုင်း(အလယ်)ကျေးရွာမှ မချစ်စုဝေ ၉ တန်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၁၉ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ပန်းတုန်းကျေးရွာချောင်းစပ် ကျူတောအစပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးသွားသူများတွင် ပထမဆုံးတွေ့ရှိသည့် ကျောင်းသူလေးမှာ ပေါက်ကိုင်း(လယ်) ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ မဂျူးဂျူးဟန်ဖြစ်ပြီး၊ ဒုတိယမြောက် ပြန်လည်တွေ့ရှိသူမှာ ပေါက်ကိုင်း(အရှေ့) ကျေးရွာမှ ၁၂ နှစ်အရွယ် ၇ တန်း ကျောင်းသူ မသက်မွန်ဂျူလိုင်၊နှင့် တတိယမြောက်တွေ့ရှိခဲ့သူမှာ ပေါက်ကိုင်းအနောက်ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ၇တန်းကျောင်းသူ မဇွန်ပွင့်ဖြူ တို့ဖြစ်ပြီးပြီး ယခုအခါ ကျောင်းသူလေးဦး၏ ရုပ်အလောင်းအားလုံးကို ပြန်လည်တွေ့ရှိပြီဖြစ်သည်။

ထိုစက်လှေတိမ်းမှောက်မှုမှာ ဇူလိုင်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မင်းတုန်းမြို့ အမှတ် ၁ ရပ်ကွက်နှင့် မင်းတုန်းချောင်း အနောက်ဘက်ကမ်း ပေါက်ကိုင်းကျေးရွာသို့ ပြေးဆွဲနေသည့် စက်လှေမှာ လူအပြည့်တင်ဆောင်လာစဉ် ရေလယ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြေလတ်အသံ

Comments