ဒဂုံမြို့သစ်မြောက်ပိုင်းပြည်ခိုင်ဖြိုးပါတီရုံး မီးရှို့ခံရမှုဖြစ်ပွား

ဒဂုံမြို့သစ်မြောက်ပိုင်းပြည်ခိုင်ဖြိုးပါတီရုံး
မီးရှို့ခံရမှုဖြစ်ပွား


ဒဂုံမြို့သစ်​​မြောက်​ပိုင်း။ ဇူလိုင်​ ၂၀

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ ဒဂုံမြို့သစ်​​မြောက်
ပိုင်းမြို့နယ်​ ၊(၃၇)ရပ်​ကွက်​ ၊ပြည်​​ထောင်​စု
လမ်းနှင့်​မဟာသီရိလမ်း​ထောင့်​ ၊ အမှတ်​(၆၁၁/၆၁၃)ရှိ
မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး
အ​ပေါ်ထပ်​အားယ​နေ့(ဇူလိုင်​ ၂၀)ရက်​​နေ့
နံနက်​ ၃နာရီ၃၀မိနစ်အချိန်​ခန့်​က
မီး​လောင်​ကျွမ်းမှုဖြစ်​ပွားခဲ့​ကြောင်း
ထိုမြို့နယ်​ပါတီရုံးမှသိရသည်​။

ယင်းကိစ္စနှင့်​ပတ်​သက်​ပြီး
ဒဂုံမြို့သစ်​(​မြောက်​ပိုင်း)မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ
အတွင်း​ရေးမှူး ဦးသန်းစိုးက

" ဒါကရှုံ့ မီးဗျ ၊ ​ပြေးဆင်းလာတဲ့အသံကြား
တော့ရုံးအ​ပေါ်ထပ်​က​နေလူတစ်​​ယောက်
အောက်​ဆင်း​ပြေးသွားတာမြင်​လိုက်​ရတယ်​၊လိုက်​တာမမှီဘူး ၊ ရုံးအ​ပေါ်ထပ်​မှာထားတဲ့​ကော်​​ဇောကိုဓာတ်​ဆီ​လောင်း
ပြီးရှိ့တဲ့သ​ဘောဗျ ၊ဓာတ်​ဆီအနံ​တွေလည်းရတယ်​၊
လက်​ရှိ​တော့ရဲစခန်းမှာအမှုသွားဖွင့်​တာ ၊ ရဲကမီးသတ်​ဌာန
စစ်​​ဆေးချက်​အ​ဖြေမထွက်​​သေးလို့အမှုဖွင့်​မ​ပေး​သေးဘူးဗျ၊
စစ်​​ဆေးချက်​အ​ဖြေထွက်​ပြီးမှဖွင့်​​ပေးမယ်​​ပြောတယ်​ "
ဟု​ပြောသည်​။

ဖြစ်​စဉ်​မှာ ယ​နေ့ (ဇူလိုင်​ ၂၀ ရက်​) နံနက်
၃ နာရီ ၃၀မိနစ် အချိန့်ခန့်​က ၊ ရုံးလုံခြုံ​ရေးဝန်​ထမ်း
ဦးလှမြိုင်​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​ဦး​ကျော်​တင်​တို့ရုံး၌
အိပ်​​နေစဉ်​ရုံးအ​ပေါ်ထပ်​မှ
"ဒုံး ဒုံး ဒုံး" နှင့်​အသံကြား၍ထကြည့်​ရာ ၊
လူတစ်​​ယောက်​အ​ပေါ်ထပ်​မှ​နေ၍ဆင်း​ပြေးလာသည်​ကိုမြင်​ခဲ့​ကြောင်း၊ ထိုသူအားဦး​ကျော်​တင်​မှ " မင်းဘယ်​သူလည်း
ဘယ်​ကလည်း "
မေးကာထိုသူ​နောက်​သို့လိုက်​စဉ်​ထိုသူမှာရုံးခြံစည်းရိုးကို
ကျော်​လျက်​ထွက်​​ပြေးလွတ်​​မြောက်​သွားခဲ့​​ကြောင်း ၊
ထိုစဉ်​အ​ပေါ်ထပ်​တွင်
မီး​လောင်​ကျွမ်း​နေတာ​တွေ့သဖြင့်​မီးကို
ဝိုင်းဝန်းညိမ်းသတ်​ခဲ့ကြရာ
နံနက်​ ၃နာရီ၅၀မိနစ်အချိန်​ခန့်​ မီးညိမ်းသတ်​နိုင်​ခဲ့​ကြောင်း ၊
ထိုဖြစ်​စဉ်​​ကြောင့်​ ကော်ဇောစိမ်း ၄ လိပ် ၊
အဲယားကွန်း ၂ လုံး၊ပလပ်စတစ်ကုလားထိုင် ၁၇ လုံး
ပျက်စီးဆုံးရှုံးခဲ့​ကြောင်းဦးသန်းစိုး​ပြောပြချက်​အရ
သိရသည်​ ။

ထိုဖြစ်​စဉ်​ကိုမျက်​မြင်​သက်​​သေတစ်​ဦးဖြစ်​သည့်
အခင်းဖြစ်​​နေရာအနီးရှိကွမ်းရာဆိုင်​ရှင်
ဦးစိန်​သစ်​မှ

" မနက်​ကလမ်းဓာတ်​တိုင်​မီးညိမ်းသွားလို့သွားအဖွင့်​မှာ ၊
ဖန်​စကွဲသွပ်​ပြား​ပေါ်ကျသံကြားလိုက်​ရလို့လှမ်းကြည့်​​တော့ ၊
ရုံးအ​ပေါ်ထပ်​မှာမီး​လောင်​​နေတာ​တွေ့တယ်​၊
ဒါနဲ့ရုံးကိုသွားအ​ကြောင်းကြားမယ်​လုပ်​​တော့ရုံးထဲက
လူတစ်​​ယောက်​ခြံ​ကျော်​ထွက်​လာပြီးမလှမ်းမကမ်းမှာ
ရပ်​ထားတဲ့တက္ကစီကား​ပေါ်တက်​ပြီးထွက်​သွားတာ
တွေ့တယ်​ ၊လူကပိန်​ပိန်​အရပ်​ရှည်​ရှည်​၊
ကျောပိုးအိပ်​လွယ်​ထားတယ်​ " လို့​ပြောသည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍
မီးသတ်​ဌာနနှင့်​ ရဲတပ်​ဖွဲ့တို့မှ
လုပ်​ငန်းစဉ်​များအတိုင်းဆက်​လက်​​စုံစမ်းစစ်​​ဆေး
ဆောင်​ရွှက်​လျက်​ရှိ​ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

Comments