မူးယစ်မှုဖြင့် အဖမ်းခံရဖူးသူထံမှ မူးယစ်ဆေးဝါး ထပ်တွေ့

မူးယစ်မှုဖြင့် အဖမ်းခံရဖူးသူထံမှ  မူးယစ်ဆေးဝါး ထပ်တွေ့

========================
မောင်လေးငယ်ငယ်
မုံရွာ၊ ဇူလိုင် ၁၃

လွန်ခဲ့သည့် ၂ နှစ်က စိတ်ကြွဆေးပြား အပြားနှစ်ထောင်ကျော်ဖြင့် ရဲအဖမ်းခံရဖူးသည့် အမျိုးသားအား ရဲတပ်ဖွဲ့မှ
မသင်္ကာ၍ စစ်ဆေးလိုက်ရာ ၄င်းထံမှ မူးယစ်ဆေးဝါးများထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

 စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမှုခင်းအကူဌာနစုမှ
ဒုရဲအုပ်ကျော်ထက်၊ ရဲတပ်ကြပ်ကြီးသန့်ဇော်တို့ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ မုံရွာအရာတော်
လမ်းပေါ်ရှိ ဆူးလေကုန်းကျေးရွာအနီးတွင် ဇူလိုင်၁၃ ရက် နေ့ခင်းပိုင်းက စောင့်ဆိုင်းနေခဲ့ကြောင်း ဆိုသည်။

ယင်းသို့ စောင့်ဆိုင်းနေစဉ် ရွှေဘိုဘက်မှ မုံရွာဘက်သို့
 မောင်းနှင်လာသည့် အသက် ၄၈ နှစ်အရွယ်ရှိ
 သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာတွင်နေထိုင်သူ
 ကိုမျိုးအောင်၏ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။

 အဆိုပါအမျိုးသားထံမှ ဆပ်ပြာခွက် ၂ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၂၀ ဂရမ် စိတ်ကြွရူးသွတ်ဆေးပြား ၂၂၇
 ပြားနှင့် ငွေ တစ်သိန်းကျော်တို့အား ရှာဖွေတွေ
့ရှိခဲ့ကြောင်း ရဲတပ်ကြပ်ကြီး သန့်ဇော်က ပြောသည်။

“ ဒီကောင့်ကို သေခြာစစ်ဆေးလိုက်မှ လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော်ကိုယ်တိုင် စိတ်ကြွဆေးပြား နှစ်ထောင်နီးပါးနဲ့ အတူ ဖမ်းခဲ့ဖူးတဲ့သူဖြစ်နေတယ်။ သူ့ကို မေးကြည့်တော့ အဲဒီအမှုတရားရုံးမှာ အမှုရင်ဆိုင်ပြီး တရားသူကြီးက
တရားသေလွှတ်လိုက်တာလို့ ပြောတာပဲ။
အသေးစိတ်တော့ စိစစ်အတည်ပြုရဦးမှာ” ဟု ၄င်းက
ဆက်ပြောသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မျိုးအောင်
ဆိုသူအား ဒုရဲအုပ် ကျော်ထက်မှ တရားလိုပြုလုပ်တိုင်
တန်းကာ အရာတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေဆိုင်ရာပုဒ်မများဖြင့်
အမှုဖွင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုဖမ်းမိသည့် မျိုးအောင်ဆိုသူနှင့် အတူ နောက်ထပ်
အမျိုးသားတစ်ဦးတို့အား ၂၀၁၇ ဇူလိုင်လ ၁ ရက်နေ့
နံနက်ပိုင်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်
ဗဟိုလ်လမ်းပေါ်တွင် စိတ်ကြွဆေးပြား ၁၉၀၀ ပြားနှင့်
ဘိန်းဖြူ ဆပ်ပြာခွက် ၃ ခွက်တို့အား ဂဟေဆော်ပုံးထဲ
ထည့်၍ သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

Monywa Gazette

Comments