မိတ္တီလာမြို့တွင်အရက်အတူသောက်စားသူချင်းယခင် ရန်ညှိုးကြောင့်လူသတ်မှုဖြစ်ပွား

မိတ္တီလာမြို့တွင်အရက်အတူသောက်စားသူချင်းယခင်
ရန်ညှိုးကြောင့်လူသတ်မှုဖြစ်ပွား

ဇူလိုင်(၃)

ရွှေမောင်မောင်(မိတ္တီလာ)

        မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်တောမ
ကျေးရွာအုပ်စုအတွင်းရှိကျေးရွာတွင်အရက်အတူ
သောက်စားသူချင်းယခင်ရန်ညှိုးကြောင့်လူသတ်မှု
ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။

        ဇူလိုင်(၂)ရက်ညနေ(၅း၃၀)အချိန်ခန့်မိတ္တီလာ
မြို့နယ်တောမကျေးရွာအုပ်စုရေချိုကျေးရွာနေညိုကြီး
(ခ)တင်ထွန်းဦး(၃၇)နှစ်အားတစ်ရွာတည်းနေသာဂီ
(ခ)သန့်ဇင်ဝင်းနှင့်ကျော်ဇင်တို့မှခေါ်ဆောင်သွား
သည်ကိုညိုကြီး၏ဇနီးမခင်ဆွေဝင်း(၃၇)နှစ်မှကျေးရွာ
လမ်းမပေါ်၌တွေ့မြင်ခဲ့ရာ၎င်းတို့ချင်းမှာယခင်က
လည်းအမြဲခေါ်ဆောင်၍အရက်အတူသောက်စား
နေကြသူများဖြစ်သဖြင့်သာဂီ(ခ)သန့်ဇင်ဝင်းခြံဘက်
ခေါ်သွားသည်ဟုထင်မှတ်ခဲ့ကြောင်းည(၇း၃၀)
အချိန်ခန့်တွင်ယခင်ကရန်ညှိုးရန်စရှိခဲ့သူသန်းစိုး၏
ယောက်ဖတော်သူဖိုးလင်းမှမိခင်ဖြစ်သူဒေါ်လှသန်း
အားမောင်ညိုသေပြီဟုဖုန်းဆက်ပြောကြားချက်
အရသိရှိရ၍မခင်ဆွေဝင်းမှခင်ပွန်းညိုကြီးအားခေါ်
ဆောင်သွားသူသာဂီတို့၏ခြံသို့သွားရောက်ခဲ့ရာ
ခင်ပွန်းညိုကြီးမှာသာဂီတို့ခြံအတွင်းရှိနေအိမ်ခေါင်း
ရင်းဘက်တွင်မှောက်လျက်အနေအထားဖြင့်
လည်ပင်းပြတ်ရှ နောက်စေ့ကြေမွ ခန္ဓာကိုယ်ညိုမဲ
ဝဲ/ယာလက်ပြင်တို့တွင်ထိုးသွင်းဒဏ်ရာ(၃)ချက်
တို့ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရကြောင်းသိရ
သည်။

         ဖြစ်စဉ်အရခင်ပွန်းညိုကြီး(ခ)တင်ထွန်းဦးအား
ခေါ်ဆောင်ပြီးအသက်သေဆုံးသည်အထိပြုလုပ်
ခဲ့ကြသူရေချိုကျေးရွာနေသန်းစိုး သာဂီ(ခ)သန့်ဇင်
ဝင်း ကျော်ဇင်တို့အားအရေးယူပေးရန်မခင်ဆွေဝင်း
၏တိုင်တန်းချက်အရမိတ္တီလာမြို့အမှတ်(၂)နယ်မြေ
ရဲစခန်း(ပ)၄၆၂/၂၀၁၉  ရာဇသတ်ကြီးပုဒ်မ ၃၀၂/
၁၁၄ ဖြင့်အရေးယူအမှုဖွင့်ပြီးစစ်ဆေးဆောင်ရွက်ခဲ့
ကြောင်းသိရသည်။

         အမှုမှပြစ်မှုကျူးလွန်သူုများအားမြို့နယ်ရဲတပ်
ဖွဲ့မှူး၏ညွှန်ကြားမှုစခန်းမှူး၏အနီးကပ်ကြပ်မတ်မှု
ဖြင့်အချိန်နှင့်တပြေးညီဖမ်းဆီးရမိရေးအတွက်
နယ်ထိန်းဒုရဲအုပ်သိပံ္ပနှင့်တပ်ဖွဲ့ဝင်များမှစုံစမ်းဖော်
ထုတ်ဖမ်းဆီးခဲ့ရာပြစ်မှုကျူးလွန်သူရေချိုကျေးရွာ
နေသာဂီ(ခ)သန့်ဇင်ဝင်း(၃၈)နှစ် သန်းစိုး(၄၀)နှစ်
တို့အာူအခင်းဖြစ်နေ့ည(၁၁း၄၅)အချိန်တွင်လည်း
ကောင်း ကျော်ဇင်(ခ)အောင်စိုးမိုး(၄၀)နှစ်အား
ဇူလိုင်(၃)ရက်နံက်(၇း၃၀)အချိန်ဖမ်းဆီးရမိခဲ့၍အမှု
မှသက်သေခံပစ္စည်းများဖြစ်သော တံစဉ် ကပ်ကြေး
ဝါးရင်းတုတ် တို့အားသိမ်းဆည်းရရှိခဲ့ပြီးစစ်ဆေး
ချက်အရလွန်ခဲ့သည့်(၁၀)ရက်ခန့်ကတောမကျေး
ရွာအရက်ဆိုင်တွင်အရက်သောက်စားကြရင်းသေ
ဆုံးသူညိုကြီးမှသန်းစိုးအားလက်သီးနှင့်ထိုးကြိတ်
ခဲ့ခြင်းနှင့်ပတ်သက်ပြီးရန်ညှိုးထားဖြစ်ပွားခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။





Comments